Chapter(1)

11.9K 1.3K 60
                                    

Unicode

Chapter(1)

ဖေးချောင်းဟာသူ့လျို့ဝှက်ချက်ကတစ်ညတည်းနဲ့လူတိုင်းသိသွားကြမယ်လို့တစ်ခါမှမတွေးခဲ့မိဘူး

ဖန်တွေမှာအကန့်အသတ်မရှိတဲ့စွမ်းအားတွေရှိတယ်လို့နာမည်ကျော်ကြားပြီးသားစီနီယာတွေဆီကနေမကြာခဏကြားဘူးပေမယ့်ပေါ့။အကယ်၍သာမူလတန်းတုန်းကကျောင်းကဆရာကိုခွန်းတုန့်ပြန်ပြောခဲ့တဲ့အနက်ရောင်သမိုင်းကြောင်းကသူပွဲဦးထွက်ထွက်ခြင်းပေါ်လာခဲ့မယ်ဆိုရင်........ပြဿနာက,သူပွဲဦးထွက်တောင်မလုပ်ရသေးဘူး

သူကလွန်ခဲ့တဲ့(၃)နှစ်လောက်ကမှဒီအသိုင်းအဝိုင်းထဲကိုဝင်လာတဲ့လေ့ကျင့်ရေးသင်တန်းသားတစ်ယောက်ပဲဖြစ်နေသေးတာဖြစ်၏။

သူကရုပ်ရည်မှာလည်းအချောမောအခန့်ညားဆုံးဖြစ်နေတာမဟုတ်ဘူး၊သူ့ကြွက်သားတွေကလည်းကြည့်လို့အကောင်းဆုံးမဟုတ်ဘူးပြီးတော့သူ့အဆိုနဲ့အက,ကလည်းအကောင်းဆုံးမဟုတ်ပြန်ဘူး...

သူ့ကိုကျော်လို့မရနိုင်တဲ့တစ်ခုတည်းသောအရာကသူကအရပ်ရှည်နေတာပဲ..

အရမ်းရှည်တယ်

ကြောက်စရာကောင်းလောက်အောင်ကိုရှည်တယ်

တစ်မီတာကိုးဆယ့်ငါး

သူ့မန်နေဂျာဆိုရင်သူ့လည်ပင်းတွေထုံကျင်နေလို့သူ့ကိုစကားပြောဖို့တောင်ပင်ပန်းနေလေပြီ

အစတုန်းကတော့သူတို့တွေအမျိုးသားအုပ်စုတစ်ခုဖွဲ့တဲ့အချိန်မှာကုမ္ဗဏီကအရပ်ရှည်တဲ့အမျိုးသားအုပ်စုကိုလိုချင်ခဲ့တာ...တွေးကြည့်စမ်းပါ1.85m(၆ပေ)ရှည်တဲ့ကောင်လေးတွေအတူတူရပ်နေပြီးနှုတ်ခမ်းရဲရဲလေးတွေဖြူဖွေးတဲ့လက်မောင်းကြွက်သားတွေနဲ့နကျယ်ကောင်လိုခါးကျဉ်ကျဉ်လေးတွေ,မြင်ကွင်းကမလှလွန်းဘူးလား....

အဖွဲ့မှာပါဝင်တုန်းကဆိုအသက်(၁၇)နှစ်အရွယ်ဖေးချောင်းကအရပ် 1.84mနဲ့ အပုဆုံးပင်။သူ့မှာခြေအိတ်ထဲတစ်ရှုးတွေတိတ်တဆိတ်ထည့်ပြီးဖြေရှင်းခဲ့ရပြီးအဲ့ဒီစင်တီမီတာဝက်လောက်ကွာခြားမှုကြောင့်ကုမ္ဗဏီကနေမောင်းထုတ်ခံရမှာကိုအမြဲတမ်းစိုးရွံခဲ့ရသည်။

(Completed )Thinking of Deer Fei Fei Where stories live. Discover now