Chapter(8)

3.5K 924 24
                                    

Unicode

Chapter(8)

လေ့ကျင့်သင်တန်းသားအုပ်စုထဲမှာဖေးချောင်းကအကသိပ်မကောင်းတဲ့အမျိုးအစားထဲမှာပါဝင်သည်။အဲ့ဒါကအလယ်အလတ်အဆင့်အရည်အသွေးလို့ပြောလိုမရပဲရိုးရှင်းတဲ့သချာၤဆိုင်ရာသဘောတရားမျိုးသာဖြစ်သည်။

1.95 လောက်ရှိတဲ့အရပ်နဲ့တစ်ဖက်ကို နှစ်မီတာလောက်ရှည်တဲ့လက်တွေနဲ့ဆိုရင်လက်ကိုချလိုက်မြှောက်လိုက်လုပ်တဲ့ပုံစံလိုမျိုးအားလုံးတစ်ပုံစံတည်းလုပ်ရတဲ့အကမျိုးမှာဖေးချောင်းကအမြဲတမ်းကျန်တဲ့သူတွေထက်စက္ကန့်ဝက်လောက်အချိန်ပိုယူရသည်။

နေ့စဉ်ဘဝမှာဆိုရင်တော့အဲ့ဒီစက္ကန့်ဝက်လောက်ကွာခြားမှုကိုဘယ်သူမှသတိမပြုမိနိုင်ပေမယ့်လှုပ်ရှားမှုတိုင်းတစ်ညီတစ်ညာတည်းဖြစ်နေရမယ့်အုပ်စုအကလိုမျိုးမှာဆိုရင်တော့ဖေးချောင်းရဲ့အမြဲတမ်း'စည်းချက်တစ်ဝက်နောက်ကျ'တဲ့အဖြစ်ကသူ့ကိုသိုးမည်းတစ်ကောင်ဖြစ်သွားစေပြီးအကနည်းပြဆီကနေဝေဖန်မှူတော်တော်များများရရှိစေခဲ့သည်။

ဖေးချောင်းလည်းတိုးတက်ချင်တာပေါ့...အဲ့ဒါကြောင့်သူသီးသန့်တစ်ယောက်တည်းလေ့ကျင့်ဖြစ်ခဲ့တယ်...

ဘယ်သူ့အကကိုသူလေ့ကျင့်မလဲ??

သေချာပေါက်သူ့အိုင်ဒေါရဲ့အကပဲပေါ့...

သူ့အိုင်ဒေါရဲ့အကကိုဘယ်လိုလေ့ကျင့်မလဲ?

သေချာပေါက်,အဲ့ဒါက....ဟီးဟီး,အဲ့ဒါမှသူ့အိုင်ဒေါနဲ့အတူတူကနိုင်မှာလေ

《Possessed》ကဘယ်လောက်မှန်းတောင်မသိနိုင်လောက်သည်အထိဖေးချောင်းလေ့ကျင့်ခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်သည်။လှုပ်ရှားမှုများကတိကျလှသည်တင်မကပဲအလွန်လည်းတင်းမာလှသည်။သူ့ရဲ့မျက်နှာအမူအရာသည်လည်းအလွန်ကိုကွက်တိကျနေရုံတင်မကပဲအထူးတလှယ်ဆွဲဆောင်မှုရှိနေပြန်သည်။

1.95 မီတာရှည်တဲ့ထွားကြိုင်းသော ကောင်လေးတစ်ယောက်ကကင်မရာရှေ့မှာစိုးရိမ်ပူပန်မှုလုံးဝမရှိပဲသူ့ဆွဲဆောင်မှုများကိုထုတ်ဖော်နေသည်။အမျိုးသမီးတစ်ယောက်ရဲ့ဆွဲဆောင်မှုနဲ့အမျိုးသားတစ်ယောက်ရဲ့မာကျောမှုတို့ကသူ့ခန္တာကိုယ်မှာပေါင်းစပ်ထားပြီးသူ့ရဲ့လှုပ်ရှားမှုတိုင်းကလူများကိုအကြည့်မလွှဲနိုင်အောင်ထိပြုလုပ်နိုင်နေ၏။

(Completed )Thinking of Deer Fei Fei Where stories live. Discover now