Chapter(31)

5.3K 821 40
                                    

Unicode

Chapter(31)

ဖေးချောင်းသည်ချွင်ယွဲ့ယောင်နဲ့ စာချုပ်ချုပ်ပြီးသည့်နောက်ပိုင်းမူလ နေထိုင်ရာနေရာမှကုမ္ပဏီမှစီစဉ်သော အဆင့်မြင့်တိုက်ခန်းသို့ပြောင်းရွှေ့ခဲ့သည်။

သူကချွင်ယွဲ့ယောင်နေတဲ့အဆောက်အဦးနဲ့ အတူတူမှာနေထိုင်ခြင်းဖြစ်သည်။တစ်ခုပဲ, ဖေးချောင်းကမြေညီထပ်မှာနေရပြီး ချွင်ယွဲ့ယောင်ကတော့ထိပ်ဆုံးအထပ်က ဧရိယာစတုရန်းမီတာ(၃၀၀)လောက်ရှိတဲ့ တစ်ထပ်တည်းပုံစံဗီလာမှာနေရတာ

တစ်ခါတုန်းကဖေးချောင်းသည်ကုမ္ပဏီရှိ အခြားအနုပညာရှင်များနှင့်အတူလည်ပတ် ခွင့်ရခဲ့သည်။အဲ့ဒါကအရမ်းကိုကြီးမားပြီး, ကြမ်းခင်းကနေမျက်နှာကြက်ထိမြင့်တဲ့ ပြတင်းပေါက်ကြီးတွေကကြည်လင်ပြီးတောက်ပနေတယ်ဆိုတာကိုပဲမှတ်မိတော့သည်။အပေါ်ကိုမော့ကြည့်လိုက်ရင်လက်လှမ်းရင်ပဲမှီတော့မလိုမျိုးကြယ်တွေပြည့်နှက်နေသည်လေ။

အဲ့ဒီတုန်းကသူနဲ့အတူပါတဲ့ 3.8 star ကျောက်ကအိမ်တန်ကြေးဘယ်လောက်ရှိလဲလို့ချွင်ယွဲ့ယောင်ကိုမေးခဲ့သည်။

Boss ချွင်ကနံပါတ်ကိုလည်းပြောလိုက်ရော လူတိုင်း အိုး အိုး အိုး တွေဖြစ်ကုန်ရော

တစ်ခြားသူတွေရဲ့ အိုး အိုး အိုး ကလေးစားမှုတွေမနာလိုအားကျမှုတွေနဲ့ပြည့်နှက်နေတာ။ဖေးချောင်းတစ်ယောက်တည်းသာသူ့ရင်ထဲတည်ငြိမ်အေးချမ်းနေတယ်..အကြောင်းကတော့ချွင်ယွဲ့ယောင်လိုတောက်ပတဲ့သူမျိုးကဒီလိုကြယ်တွေနဲ့နီးကပ်တဲ့နေရာမျိုးမှာပဲနေသင့်တယ်လေ

အဲ့ဒါကဒီအတိုင်းတစ်နေ့မှာသူကအဲ့ဒီနေရာကို'ဧည့်သည်အဖြစ်'နဲ့တစ်ယောက်တည်းဖိတ်ကြားခံရလိမ့်မယ်လို့ပဲမထင်ထားခဲ့မိတာ

ပြီးတော့အချိန်ကလည်းဆယ့်နှစ်နာရီ, ညလယ်ခေါင်ကြီး

ဓာတ်လှေကားကနေတစ်ဆင့်ဖေးချောင်းတက်နေတဲ့အချိန်မှာသူ့တစ်ကိုယ်လုံးကတင်းတင်းကြပ်ကြပ်ထုပ်သိမ်းထားသည်။သူ့လက်ထဲမှာတော့ဖုန်းကိုဆုပ်ကိုင်ထားပြီးဖန်သားပြင်ပေါ်တွင်သူ့စီနီယာအကိုပို့ပေးထားတဲ့  WeChat message ကပေါ်နေ၏။

(Completed )Thinking of Deer Fei Fei Where stories live. Discover now