Chapter(11)

3.4K 807 49
                                    

Unicode

Chapter(11)

ယနေ့အလုပ်ပြီးသည့်နောက် program ကိုအသံသွင်းပြီးနောက်မှာဖေးချောင်းအနေနနဲ့ရုံးကိုပြန်ပြီးသတင်းပို့ရမည်။ဖေးချောင်းကစတိုးဆိုင်သွားပြီးမုန့်တော်တော်များများကိုအရင်ဆုံးဝယ်လိုက်၏။ငွေရှင်းကောင်တာမှာထိုင်နေတဲ့မိန်းကလေးငယ်လေးတစ်ယောက်ကသူ့ကိုဆက်တိုက်ခိုးကြည့်နေပြီးသူတို့မျက်လုံးခြင်းဆုံတာနဲ့မျက်နှာကရဲခနဲဖြစ်ကာအဝေးကိုလျှောက်ကြည့်တော့သည်။

ဖေးချောင်းကတော့သူမကိုကြည့်ရတာအတော်လေးရယ်စရာကောင်းတယ်လို့ထင်မိသည်။

တကယ်တော့  1.95 m ရှည်တဲ့ အမျိုးသားတစ်ယောက်ရဲ့မျက်လုံးထဲမှာတော့ရှင်သန်နေတဲ့အရာအားလုံးကိုကောင်းကင်ဘုံကနေငုံ့ကြည့်ရတာအရမ်းစိတ်ဝင်စားဖို့ကောင်းသည်လေ။လူတိုင်းကသေးတဲ့မှို၊ရှည်တဲ့မှို၊ပုတဲ့မှို၊ဝတဲ့မှိုဒါမှမဟုတ်ပိန်တဲ့မှိုလေးတွေလိုမျိုးသူ့လည်ပင်းအောက်မှာယိမ်းနွဲ့နေသည်။

ငွေရှင်းကောင်တာကအမျိုးသမီးမှိုလေးကတော့နည်းနည်းအရောင်ဖျော့နေတဲ့အညိုရောင်ထီးနဲ့ဖုံးထားပြီးကြည့်ရတာသူမရဲ့ဆံပင်ကိုမလျှော်တာရက်အနည်းငယ်လောက်တော့ရှိနေပုံပေါ်သည်။

(T/N - ထီး = ဆံပင်)

ဖေးချောင်းငွေပေးချေလို့ပြီးတဲ့အချိန်မှာအမျိုးသမီးမှိုလေးကသူ့ကိုအသံတိုးတိုးလေးနဲ့မေးလာသည်။

"လက်မှတ်လေးထိုးပေးလို့ရမလား?"

ထို့နောက်ပြောလို့ပြီးသည်နှင့်ဘောပင်လေးထိုးပေးသည်။

ဖေးချောင်းကတော့ 'ဟုတ်ကဲ့' ပါပဲပေါ့..

အမျိုးသမီးမှိုလေးကလက်မှတ်ထိုးလို့ရမယ့်စာရွက်ကိုနေရာတိုင်းလိုက်ရှာနေတဲ့အချိန်မှာသူကတော့သူ့ရဲငွေပြေစာ့ဖြတ်ပိုင်းထောင့်လေးကိုပဲအဆင်ပြေသလိုဖြဲလိုက်ပြီးသူ့တရားဝင်နာမည်ကိုလက်မှတ်ထိုးလိုက်သည်။

သူကတော့နည်းနည်းထူးဆန်းတယ်လို့ထင်မိတယ်....

credit card နဲ့ပေးချေတာကပဲ လက်မှတ်လိုတယ်ထင်တာအခုတော့ 
Alipay နဲ့ပေးချေတာကလည်း လက်မှတ်လိုတာပဲလား?

(Completed )Thinking of Deer Fei Fei On viuen les histories. Descobreix ara