Chapter(24)

3.1K 758 70
                                    

Unicode

Chapter(24)

ချွင်ယွဲ့ယောင်ရဲ့ဖိတ်ကြားမှုကရုတ်ချည်းဖြစ်သွားခြင်းမဟုတ်ပေ။

ဖေးချောင်းကကုမ္ဗဏီကို trainee အဖြစ်နဲ့ဝင်လာကတည်းကအဆိုနဲ့ အကကိုလေ့ကျင့်ခဲ့တာသုံးနှစ် ရှိနေလေပြီ။သူ့အဆင့်ကထိပ်တန်း အဆိုတော်တွေနဲ့ယှဉ်ပြိုင်လို့ မရသော်ငြားသူ့အခြေခံကတော့ ကောင်းမွန်နေဆဲဖြစ်သည်။

အထူးသဖြင့်ဖေးချောင်းက လက်ရှိမှာ "variety show artist" အဖြစ်တည်ရှိနေတာဖြစ်သောကြောင့် လူတိုင်းကသူ့ကိုကင်မရာရှေ့မှာ ဟာသလုပ်နေတာကိုပဲမြင်ဘူးကြပြီး မသိလိုက်စွာနဲ့သူ့အား idol တစ်ယောက်ရဲ့အောင်မြင်မှုများနဲ့ တွဲမမြင်ပဲအထင်သေးနေမိကြသည်။ ဒီအချိန်မှာသာအကယ်၍သူ concert မှာပေါ်လာပြီးသူ့တင်ဆက်မှုက ကောင်းမွန်မယ်ဆိုရင်အဲ့ဒါက 'ထင်းထွက်' သွားလိမ့်မည်။အကယ်၍တင်ဆက်မှုက သာမာန်ပဲဆိုရင်လည်းဘယ်သူကမှ စိတ်ပျက်မှာမဟုတ်ပေ။

ပြီးတော့.....ချွင်ယွဲ့ယောင်ကလည်း ဖေးချောင်းကိုသူ့ဘေးမှာရပ်တည် စေချင်တယ်..ဖေးချောင်းက ဘယ်လောက်တော်ပြီးကောင်းမွန်တဲ့ သူလဲဆိုတာကိုတစ်ကမ္ဘာလုံးကို ပြောပြချင်တယ်...

...

မကြာခင်ပဲဖေးချောင်းက ချွင်ယွဲ့ယောင်ရဲ့ concert အဖွင့်ပွဲမှာအထူးဧည့်သည် အဖြစ်ပါဝင်ဖို့အတည်ဖြစ်သွားသည်။

ဖေးချောင်းသည်ဒီလိုကြီးမားလှတဲ့ ပိုင်မုန့်ကြီးနဲ့အရိုက်ခံလိုက်ရတာကြောင့် ရီဝေဝေပင်ဖြစ်နေမိသည်။ကျင်းကျီရန် ကသူခဏလောက်ထိတော့ ထိတ်လန့်နေလိမ့်မယ်လို့ ထင်ခဲ့သော်လည်းသူမထင်ထားခဲ့ မိတာဖေးချောင်းသည်သူ့ အခြေအနေကိုလျင်မြန်စွာ ချိန်ညှိလိုက်ပြီးအင်အားအပြည့်နဲ့ လေ့ကျင့်ဖို့သူ့ကိုယ်သူမြှုပ်နှံ ပစ်လိုက်သည်ကိုပင်။သူကအဆိုနဲ့ အကအတွက်အထူးလေ့ကျင့်မှုကိုပါ တက်တက်ကြွကြွနဲ့တောင်းဆိုနေသည်။

ဖေးချောင်းမှာသူ့ကိုယ်ပိုင်သီချင်း မရှိတာကြောင့်စင်ပေါ်ရောက်ရင် ချွင်ယွဲ့ယောင်ရဲ့စုံတွဲဖျော်ဖြေရမှာဖြစ်သည်။

(Completed )Thinking of Deer Fei Fei Where stories live. Discover now