Chapter(5)

5.2K 1K 89
                                    

Unicode

Chapter(5)

ကင်မရာရှေ့မှာကိုယ့်ကိုကိုယ်နှုတ်ဆက်မှုများပြီးသည့်နောက်''သစ်တောထဲမှာဖားရှာဖွေခြင်း'အစီအစဉ်ကစတင်ရိုက်ကူးတော့သည်။ကျော်ကြားတဲ့ဧည့်သည်သရုပ်ဆောင်ငါးယောက်နဲ့ပုံမှန်သရုပ်ဆောင်ငါးယောက်တို့အားမဲနှိုက်၍အုပ်စုနှစ်စုခွဲလိုက်သည်။

ဖေးချောင်းကအနီရောင်ဝါးချောင်းလေးကိုဆွဲမိသည်;သူကချက်ချင်းသူ့ခေါင်းလေးကိုလှည့်လို့သူ့စီနီယာအကိုကြီးကိုလှည့်ကြည့်မိ၏။သူသည်လည်းအနီရောင်ဝါးချောင်းလေးကိုဆွဲမိတာကြောင့်ဖေးချောင်းမှာအကြိမ်အနည်းငယ်လောက်ခုန်ပေါက်မိသွားသည်။

သူ့ရဲ့ခုန်ပေါက်နေတဲ့ပုံစံကသာမာန်လူတွေနဲ့ကွာခြားနေသည်။သူကဒူးကိုမကွေးလိုက်ပဲအဲ့ဒီအစားအပေါ်ကိုတိုက်ရိုက်ခုန်လိုက်ပြီးချွင်ယွဲ့ယောင်ရှိရာသို့ပျံသန်းပြီးဝင်သွားခြင်းပင်။ချွင်ယွဲ့ယောင်ရဲ့မျက်လုံးထဲမှာတော့အဲ့ဒီမှာမျှော်စင်တစ်ခုရှိနေပြီးခုန်လိုက်တဲ့အသံနဲ့အတူခြေနှစ်လှမ်းထဲနဲ့သူ့ဆီကိုရောက်လာခြင်းပဲ

"ကျွန်တော်လည်းအနီရောင်အဖွဲ့ထဲက!"မျှော်စင်ကြီးကပျော်ရွှင်စွာပြောလာသည်။

တကယ်တော့မန်နေဂျာကရိုက်ကွင်းလုံခြုံရေးတွေကိုကြိုတင်နှုတ်ဆက်ထားပြီးနှစ်ယောက်သားကိုအတူတူထားပေးဖို့ပြောထားတာရယ်..ဒီတစ်ခေါက်မှာချွင်ယွဲ့ယောင်ကသူ့ကို'လက်တွဲခေါ်သွားပေး'ဖို့သာပွဲကိုလာပေးခဲ့တာ...ဒါပေမဲ့ဖေးချောင်းကအတွေ့အကြုံနည်းတော့အဲ့ဒါကတကယ့်ကိုကံကောင်းတယ်လို့ပဲတွေးမိလေရဲ့....

သူတို့အုပ်စုတွေကရောနှောထားတာကြောင့်ကောင်လေးတွေရောကောင်မလေးတွေရော,ရောနှောနေပြီးတစ်ခြားကုမ္ဗဏီကမျက်နှာသစ်လေးတစ်ယောက်လည်းပါဝင်တယ်...ထိုမျက်နှာသစ်လေးကအတော်လေးယဉ်ကျေးလှတဲ့အပြင်သူတို့အားလုံးကို'အကိုကြီး''အမကြီး'လို့ခေါ်ပြီးအသံကိုကလေးစားကြည်ညိုမှုတွေပြည့်ဝနေတာ...သူကအရမ်းကိုနှစ်သက်ဖို့ကောင်းပြီးအတော်လေးစိတ်ရင်းမှန်တဲ့အမူအယာလည်းရှိတယ်...

(Completed )Thinking of Deer Fei Fei Where stories live. Discover now