Chapter(28)

2.9K 763 45
                                    

Unicode

Chapter(28)

ကျင်းကျီရန်သည်ချွင်ယွဲ့ယောင်ရဲ့ ငါးနှစ်မြောက်နှစ်ပတ်လည်,
ပထမဆုံးနဲ့အရေးကြီးဆုံး concert ကဒီလိုမျိုးစိတ်လှုပ်ရှားစရာ စိတ်မောပန်းစရာမျိုးနဲ့အဆုံးသတ် သွားလိမ့်မယ်လို့ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပေ။

ကံကောင်းစွာနဲ့ချွင်ယွဲ့ယောင်က ရေအများကြီးမရှုလိုက်မိသလို ဖေးချောင်းရဲ့ကယ်ဆယ်မှုကလည်း အလွန်အချိန်မှီသွားသည်။ဆရာဝန်, စင်ပေါ်ပြေးတက်လာတဲ့အချိန်မှာ ချွင်ယွဲ့ယောင်ကသူ့အစာအိမ်ထဲက ရေတွေကိုအန်ထုတ်ပြီးတစ်ဖြေးဖြေး နိုးလာနေပြီဖြစ်သည်။

ဒီလမှာသူကနေ့တိုင်းအလုပ် အလွံအကျွံလုပ်ခဲ့သည်။သူ့ခန္တာကိုယ်က ဒီထက်ပိုပြီးတောင့်မခံနိုင်တော့တာကို အခုလိုရုတ်တရက်မတော်တဆမှုအား ခံစားလိုက်ရသည်လေ။သူသတိပြန်ရ လာပေမယ့်လည်းသူ့စိတ်တစ်ခုလုံးက မြူခိုးများဝေပြီးရှုပ်ထွေးနေသေးသည်။

ဆရာဝန်ကအလျင်အမြန်ပင်သူ့အား အနားယူစေနိုင်ရန်စင်အောက်သယ် သွားပေးလိုက်သည်။

ချွင်ယွဲ့ယောင်ကတစ်ဖြေးဖြေးပြန် ကောင်းလာပြီးစကားပြန်ပြောနိုင်၊ ရှင်းရှင်းလင်းလင်းပြန်တွေးနိုင်တဲ့ အချိန်မှာမိနစ်နှစ်ဆယ်ကျော်တောင် အချိန်ကုန်သွားခဲ့လေပြီ။

သူကပတ်ဝန်းကျင်ကိုလှည့်ပတ် ကြည့်ပြီးကျင်းကျီရန်ကိုမေးလိုက်သည်။

"ဘာလို့မင်းတစ်ယောက်တည်း ဖြစ်နေတာလဲ?ဆရာဝန်ရော?"

ကျင်းကျီရန်ကဒေါသတကြီးပြောသည်။

"fan တွေကမင်းသေပြီထင်နေကြတာ.... လူတွေအများကြီးကငိုကြွေးပြီးမင်းနဲ့ အတူအုတ်ဂူထဲလိုက်ဖို့အော်ဟစ်နေ ကြတယ်..ငါဆရာဝန်ကိုပရိသတ်ထဲ ပို့လိုက်ပြီ"

"အဲ့ဒီဝါယာအုပ်စုကလူတွေရော?"

"သူတို့ကိုဘာလို့ဆက်ထားနေရမှာလဲ? အကုန်လုံးမင်းရဲ့အသုဘအတွက် သတ်ပစ်လိုက်ပြီ"

"တစ်ခြားဝန်ထမ်းတွေရော?"

"သခင်နဲ့အတူသေခြင်းနောက်လိုက်ဖို့ လူစုနေတာနေမှာပေါ့"

(Completed )Thinking of Deer Fei Fei Where stories live. Discover now