[9]

1.5K 304 58
                                    

( Unicode )

" ဒါဖြင့် မင်းနဲ့ အဲ့ကလေးအဖေကဖြစ်သွားပြီဆိုပါတော့ "

" ဒီလိုပါပဲ ဂျုံအင်ရာ၊ အခြေအနေတွေက်ိုဖန်တီးယူတတ်ရတာပေါ့ "

" မင်းရုပ်ကြီးကလည်း ... "

ချန်းယောလ်၏လက်မောင်းကိုလှမ်းထိုးတဲ့ ဂျုံအင်ဖက်လှည့်ကာ မျက်ခုံးထူထူတွေတွန့်ကွေးသွားမတတ် ကြည့်ရင်း ...

" ဘာလဲ "

" ကြည်နူးနေတာ ပြောပါတယ် "

" ဒါကြည်နူးစရာကိစ္စပဲလေ ငဂျုံရဲ့။မင်းမသိလို့ ငါ့အသည်းက ချစ်စရာလေးကွ။ပြောရင်းတောင် လွမ်းလာပြီ "

ဂျုံအင်ခေါင်းတခါခါနဲ့ ကျွတ်စ်စုပ်ရင်းမနိုင်တော့ဘူးဟုသည့် အသွင်ဖြင့် စိတ်ပျက်လက် ပျက်ဖြစ်နေသည်။

" ကလေးအဖေ အကြောင်းပြောတာနဲ့ မွှန်ထူပြီးငယ်ထိပ်ဆောင့်တက်နေတာ ဘယ်နေ့ပြဿနာတက်ဦးမလဲမသိ၊ငါရင်လေးတယ် "

ချန်းယောလ် အသံကျယ်ကျယ်ထွက်လာသည်အထိ ရယ်လိုက်မိသည်။ အဲ့လောက်တောင်သိသာသွားသလား။ အင်း၊ ဟုတ်မှာပေါ့လေ။ အလုပ်ရုံမှာဆိုရင်လည်း ဘတ်ခ်ဟျွန်းနီးဆိုတဲ့ နာမည်ပါးစပ်ကမချ တဖွဖွရေ ရွတ်နေတဲ့ ချန်းယောလ်ကို ပတ်ဝန်းကျင်က မျက်စိဆံပင်မွှေးဆူးနေကြပြီဆိုတော့ မွှန်ထူနေတာလို့ အထင်ခံရတာလည်း မဆန်းပါဘူးလေ။

ဘတ်ခ်ဟျွန်းဖက်က အေးဆေးနဲ့တည်တည် ငြိမ်ငြိမ်ရှိနေပါသော်လည်း ချန်းယောလ်မှာတော့ တီကောင်ဆားပက်သလို တွန့်တွန့်လူးပြီး ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်လို ခံစားချက်တွေသစ်လွင်နေ၏။

ဒီလောက်ထိ မာနတရားတွေမောက်နေတဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးကိုမှစိတ် ဝင်စားမိသွားတာလည်း အံ့သြစရာပဲ။

ငွေကြေးအတော်အသင့်ရှိပြီး ရုပ်ရည်ပြေပြစ်တဲ့ချန်းယောလ်လိုလူတယောက် ကရွေးခြယ်စရာအများကြီးရှိတဲ့လူတွေထဲကနေ ဘာကြောင့် ကလေးအဖေကိုမှ သည်းသည်းလှုပ်ချစ်မိသွားရတာလဲ။ မေးခွန်းကတွေးလေ နက်နဲလေပါပဲ။

သားလေး နေမကောင်းလို့ပြာယာခတ်နေတဲ့အချိန်တုန်းက ချန်းယောလ်ကိုမြင်တာနှင့်ချစ်စရာကောင်းတဲ့မျက်နှာလေးမှာ ချန်းယောလ်ကို အားကိုးရိပ်တွေဝင်းခနဲလက်နေတဲ့ပုံရိပ်လေးတွေ ပြန်တွေးမိတိုင်း ကြည်နူးရသည်။

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now