[6]

4.6K 814 50
                                    

( Unicode )

ဒီရက်ပိုင်း ဘတ်ခ်ဟျွန်း စိတ်ရူပ်ရတာတွေများပြီး သားလေးကို အသိသူငယ်ချင်းအိမ်မှာသာ ပို့ထားဖြစ်ခဲ့သည်။

သူငယ်ချင်းကလည်း ငယ်ပေါင်းကြီးဖော်ဖြစ်သလို ကလေးချစ်တတ်တဲ့သူဖြစ်တာကြောင့် ဘတ်ခ်ဟျွန်း စိတ်ချလက်ချထားခဲ့မိခြင်းအ ပေါ် ကိုယ့်ကိုယ်ကိုယ်နောင်တရနေမိ၏။

အခုတော့ သားလေးက နေမကောင်းဖြစ်နေသည့်အပြင်၊ ဝမ်းလည်းသွားတယ်၊ အန်လည်းအန်တယ် ဟုဆိုလာတာကြောင့်ဘတ်ခ်ဟျွန်း ရုံးကနေထိုအိမ်သို့ သုတ်ချေတင်ပြေးရပေဦးတော့မည်။

" တခုခုလိုအပ်တာရှိရင် ငါ့ဆီဖုန်းဆက်လိုက်နော် "

မန်နေဂျာဖြစ်သူ ကင်ဂျုံဒယ်၏စကားက ဘတ်ခ်ဟျွန်းနောက်ပါးမှာ ကျန်ရစ်ခဲ့၏။စိုးရိမ်စိတ်ကြောင့် အလောတကြီးဖြစ်နေသောဘတ်ခ်ဟျွန်းဟာ ရုံးမှာသွားလာနေတဲ့လူတွေကို တွန်းတိုက်ပြီး အောက်ဆုံးထပ်က မိမိ၏ကားရှိရာနေရာကိုသာ တစိုက်မတ်မတ်ပြေးသွားနေမိသည်။

" နေ့လယ်ခင်းကတည်းက ဝမ်းသွားနေတာ ရိုးရိုးဖြစ်တယ်ပဲ ထင်နေတာ၊ အခုအန်ပါအန်နေတော့လေ မင်းဆေးရုံခေါ်သွားမှဖြစ်မယ်ထင်တယ် "

နားထဲမှာလည်း သူငယ်ချင်းဖြစ်သူ ဂျုံဟွား ၏စကားသံတို့သာ ထပ်တလဲလဲကြားနေရသည်။​ထို့ကြောင့် လမ်းလျှောက်နေသည့်အ ရှိန်ကို မြှင့်တင်ကာ ရုံးရှေ့မျက်နှာစာမှာရပ်ထားတဲ့ မိမိ၏ကားရှိရာသို့သွားရင်း ' ဘာမှမဖြစ်ပါစေနဲ့ ' ဟုသာ မျက်ရည်ဝဲနေသည့်ကြားကနေ ဆုတောင်းနေရသည်။

" ဘတ်ခ်ဟျွန်း "

ထိုစဥ် ဘတ်ခ်ဟျွန်း၏နာမည်ကိုခေါ်လည်းခေါ်သည်။ လက်မောင်းတစ်ဖက်ကိုလည်းထိန်းကိုင်ရင်း ဆွဲထားသည်မို့ ယိုင်နဲ့နဲ့ဖြစ်ချင်နေသည့် ဘတ်ခ်ဟျွန်းဟာ သူ၏သန်မာတဲ့ လက်မောင်းအောက်မှာ အရူံးပေးရင်း ကျယ်ပြန့်လှတဲ့ သူ၏ရင်ခွင်ထဲထွေးခနဲပစ်ကျသွားရသည်။

" ဘာဖြစ်နေတာလဲ၊ ဖုန်းဆက်နေတာလည်းမကိုင်ဘူး။ ဘာလို့ ငိုနေတာလဲ "

မော့ကြည့်လိုက်သည့်အခါမှာတော့ ဘတ်ခ်ဟျွန်းကို မျက်မှောင်ကျုံ့ကာကြည့်နေသည့်သူ။

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now