[Ending]

2.6K 338 75
                                    

( Unicode )

" ပတ်ခ်ဂျွန်မူရေ သားလေးတော့ ငါတို့က်ိုသွေးတက်အောင်လုပ်နေပြီ "

မိန်းမဖြစ်သူ၏ နားပူနားဆာလုပ်နေသောစ ကားတို့ကို ပတ်ခ်ဂျွန်မူတယောက်အလူးအလဲလှိမ့်ခံနေရသည်။လေယာဥ်မမူးရ၊ကားမမူးရဘဲ မိန်းမ၏စကားလုံးတွေအောက်မှာမူးဝေနေရသည့်အဖြစ်ကြောင့် ဆိုးလ်ကသားရှိရာကို ဒုန်းဆိုင်းပြေးလာရခြင်းဖြစ်၏။

ရုတ်တရက်ကြီး ' သား မင်္ဂလာဆောင်ချင်တယ် ' ဟူသည့် စာလေးတစောင်ကြောင့်မိဘနှစ်ပါးလုံး နိုင်ငံရပ်ခြားမှာအေးဆေးလည်ပတ်ခွင့်တောင်မရလိုက်တာမို့ မဟေသီတစ်ယောက် ရေနွေးအိုးတည်သလိုပဲရူးရူးရှဲရှဲဖြစ်နေလေသည်။

" သားလည်း ယူချိန်တန်ပြီလေ မိန်းမရဲ့။ဘာများသွေးတက်စရာလိုသေးလို့လဲ "

ပတ်ခ်ဂျွန်းမူပြောတာကို မဟေသီကလက်မခံဘဲ ရင်ဘတ်ကိုသာလက်ဖဝါးနှင့်သပ်ချယူရင်းစိတ်ဖြေနေသည်။

" တော်.. ဘာသိလို့လဲ။ သူယူမယ့်ကောင်လေးက ကလေးတယောက်အစစ်ပါတယ်တဲ့တော့။ သားလေးက လုပ်လိုက်ရင်လည်းတကယ့်အချိီကြီးကိုမှ ဖမ်းရသလား "

ပတ်ခ်ဂျွန်မူကတော့ ပြုံးလျက်သာ။ အိမ် ထောင်သည်ဖြစ်နေပါစေဦးတော့ သူတို့သားလေးသဘောကျရင် ဘာမှကန့်ကွက်စရာမရှိဘူးလေ။ အသက်အရွယ်ကြီးရင့်လာတဲ့သူတို့တွေဟာ တနေ့နေ့တချိန်ချိန်မှာ အိုးပစ်၊အိမ်ပစ်နောက်ဆုံး ချစ်လှပါချည်ရဲ့ဆိုတဲ့သားလေးကိုတောင်ပစ်ပြီး လောကကြီးထဲကနေ ထွက်သွားရမှာ။ အသက်ရှိနေစဥ်ကာလပတ် လုံး ဘာကိုမှအစွဲအလမ်းမထားဘဲ သားလေးစိတ်ပျော်ဖို့ရာကိုသာ သူတို့ဦးစားပေးမည်။

သားလေးစိတ်ပျော်ရင် သူတို့လည်းစိတ်ချမ်း သာရမည်။အရာအားလုံးက သူ့ဖက်ကိုယ့်ဖက်မျှတသာကြီးပဲမို့ ဘာမှစိတ်မချမ်းမသာဖြစ်နေစရာအကြောင်းမရှိဘူးလေ။

" ဒါဖြင့် မင်းက အိမ်ထောင်သည်ကလေးတယောက်အဖေဖြစ်နေလို့ သဘောမတူဘူးဆိုတဲ့အဓိပ္ပါယ်လား "

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now