[3]

8.2K 1.1K 126
                                    

( Unicode )

" သြော်.. Liam လေးကိုလာကြိုပြီလား "

နှစ်ယောက်သားအကြည့်ချင်းစုံရင်းတိုက်ပွဲ ဝင်နေတုန်းမှာပဲအခန်းထဲကနေဆရာမထွက်လာခဲ့သည်။ဆရာမကိုမြင်တော့ဘတ်ခ်ဟျွန်းခါးကိုင်းကာနှုတ်ဆက်ရင်း ...

" ဆရာမက ခြံစောင့်အသစ်ခေါ်ထားတဲ့ပုံပဲ "

တစ်ဖက်ဒန်းစင်ဘေးမှာထိုင်နေတဲ့စွပ်ကျယ်ဂျိုင်းပြတ်အင်္ကျီနှင့်ဗလတောင့်တောင့်လူတစ်ယောက်အားမျက်စ,ပစ်ရင်းဆိုတော့ဆရာမကပြုံးရယ်နေ၏။

" မဟုတ်တာကွယ်၊ သူ့ကိုကားပြင်ပေးဖို့ခေါ်ထားတာပါ။ ခြံစောင့်မဟုတ်ဘူးရယ် "

ကားပြင်သမားလို့သုံးနှုန်းလိုက်တာကြောင့်ထိုလူကိုဘတ်ခ်ဟျွန်းတစ်ချက်ကြည့်လိုက်သည်။နက်ပြာရောင်စွပ်ကျယ်အင်္ကျီကိုဝတ်ထားပြီးအောက်ပိုင်းမှာတော့အစိမ်းရင့်ရောင်ခပ်ပွပွဘောင်းဘီကိုဝတ်ဆင်ထားသည်။

မျက်နှာပေါ်မှာလည်းအင်ဂျင်ဝိုင်ဆီလိုမည်းမည်းစတွေကပ်ညှိနေပြီးအင်္ကျီကလည်းကားဝေါ့ရှော့ခ်မှာအလုပ်လုပ်တဲ့သူလိုဟိုနားပြဲ၊ဒီနားပေါက်နေတာမို့ဘတ်ခ်ဟျွန်းယုံသွားသည်။

" ဒါဖြင့် ငါ့ကားကိုကြည့်ပေးနိုင်မလား "

ချန်းယောလ်ကိုတည့်တည့်စိုက်ကြည့်ကာခပ်အေးအေးလေသံဖြင့်မကြောက်မရွံ့တောင်းဆိုလာသောစကားကြောင့်လက်နှစ်ဖက်ကိုဖုန်ခါသည့်အနေနှင့်ခါယူရင်းမတ်တပ်ထ,ရပ်လိုက်သည်။ Liam လေးကတော့ဘတ်ခ်ဟျွန်းဘေးနားမှာလက်တစ်ဖက်ကိုင်ဆွဲလျက်ရှိနေပါ၏။

" ဆောရီးပဲ၊ မင်းကငါ့ကိုခြံစောင့်လို့သတ် မှတ်ထားလို့ မပြင်ပေးနိုင်ဘူး "

" ကြီးကျယ်လိုက်တာ "

ဆရာမဖြစ်သူကိုအလယ်မှာထားပြီးစစ်အေးတိုက်ပွဲနွဲနေကြသည့်အဖြစ်ကိုမခံစားနိုင်တော့သည့်မူကြိုဆရာမကခေါင်းခါရင်းချန်းယောလ်အနားသွား၏။

" အ့.. ဆရာမ၊ ဘာလို့ကျွန်တော့်ကိုဆွဲစိတ်နေတာတုန်း "

ကြွက်သားအဖုအထစ်တွေထောင်းထောင်းထနေတဲ့လက်မောင်းသားကိုမပြောမဆိုနှင့်ဆွဲစိတ်တဲ့ဆရာမ၏လက်ဆပြင်းမှုကြောင့်ပုရွက်ပျံကိုက်ခံရသလိုပဲနာကျင်မှုကဖော်ပြမတတ်အောင်တဆစ်ဆစ်ဖြင့်ခံရခက်သည်။

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now