[5]

4.5K 771 58
                                    

( Unicode )

" ဒီမှာနေတာလား၊ အခန်းလေးကမဆိုးဘူး၊ရွေးတတ်သားပဲ "

တအိမ်လုံးကိုလှည့်ပတ်ကြည့်နေတဲ့ ချန်းယောလ်ကိုမြန်မြန်ထွက်သွားစေချင်နေတာ ဘတ်ခ်ဟျွန်းရဲ့ဆန္ဒအမှန်ပါ။ Liam လေးနှိုးသွားလိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ သူများအိမ်ထဲပိုင်စိုးပိုင်နင်းဝင်ရုံသာမက တစ်အိမ်လုံးကိုပါမျက်စိအစာကျွေးနေတာကြောင့် ဘတ်ခ်ဟျွန်းစိတ်ညစ်နေရသည်။

ဘတ်ခ်ဟျွန်းဒီတိုက်ခန်းမှာနေတယ်ဆိုတာသိတဲ့သူဆိုလို့ ချန်းယောလ်ပဲရှိသလို မဖိတ်ခေါ်ဘဲဝင်ထွက်သွားလာလုပ်ချင်နေသောသူမှာလည်းချန်းယောလ်ပဲဖြစ်ပေသည်။

" ဘယ်လိုငှါးထားတာလဲ၊ လပေးနဲ့လား၊ နှစ်နဲ့စာချုပ်,ချုပ်ထားတာလား "

" ၃နှစ်စာ, ချုပ်ထားတာပါ "

အိပ်ခန်းနှစ်ခန်းပါပေမယ့် အနည်းငယ်ကျဥ်းသယောင်ထင်မှတ်ရသောတိုက်ခန်းလေးမှာဘတ်ခ်ဟျွန်းတို့သားအဖနှစ်ယောက်တည်းနေပုံရသည်။ တခုခုဆိုမျက်စိကစားတတ်တဲ့ပင်ကိုပီဇအရ တအိမ်လုံးကိုမျက်စိဒေါက်ထောက်ကြည့်ကာစစ်ဆေးကြည့်သော်ငြား Liam လေး၏အလှဓါတ်ပုံချိတ်ထားတာကလွဲရင် ဘတ်ခ်ဟျွန်းတို့၏မင်္ဂလာဓါတ်ပုံရှိမနေတာ သတိထားမိသည်။

အိမ်ထောင်ရေး အခြေအနေနဲ့ပတ်သက်ပြီးသိချင်စိတ်ပြင်းပြနေပေမယ့် စကားအဆက်အစပ်မရှိဘဲ မမေးသင့်ဘူးလို့ထင်မိတာကြောင့် နှုတ်ဆိတ်နေရသည်။အမှန်တော့ချန်းယောလ်တို့နှစ်ယောက်လုံး ပြောစရာစကားဖွယ်ဖွယ်ရာရာဟူ၍ မရှိသော်ငြားပေတေပြီးစကားတွေဖောင်ဖွဲ့ချင်နေတဲ့ ချန်းယောလ်ကြောင့် အချိန်တွေမကြာသင့်ပဲကြာနေခြင်းဖြစ်သည်။

ဘတ်ခ်ဟျွန်းမှာလည်း စိတ်ပင်ပန်းမှုဒဏ်ရာတွေကြောင့် ရုံးပိတ်ရက်မှာ အပြည့်အဝအ နားယူချင်နေပြီ။

ဤသည်ကိုအလိုက်ကန်းဆိုးမသိဘဲ ဟိုမေး၊ဒီမေးနှင့်စကားမရှိစကားရှာနေသောချန်းယောလ်၏ ရောက်တတ်ရာ ရာမေးခွန်းတွေကို ရေသောက်ကာဖြေရင်း အချိန်ဖြုန်းနေရသည်။

" ဒီနေ့ ကားမပြင်ပေးတော့ဘူးလား "

" အာ.. ဟုတ်သားပဲ။ အခုပဲပြင်ပေးပါ့မယ် "

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now