[7]

5.5K 745 60
                                    

( Unicode )

" ဘတ်ခ်ဟျွန်း၊ မင်းကြိုက်မလားမသိဘူး၊ ထမင်းပေါင်းနဲ့ ကြက်​ကင်ဝယ်လာတယ် "

ချန်းယောလ် အခန်းထဲဝင်သွားတဲ့အချိန်မှာတော့ ဘတ်ခ်ဟျွန်း၏ဧည့်သည်ရောက်နေမှန်းသိလိုက်၍ စကားကိုအရှိန်သတ်လိုက်ရသည်။

" ဧည့်သည်ရောက်နေတာပဲ၊ အေးဆေးစကားပြောကြပါ "

တခန်းလုံး ချန်းယောလ် ဝယ်လာတဲ့ဟင်းအ နံ့တွေနှင့် မွှေးကြိုင်နေပေမယ့်လည်း ဘတ်ခ်ဟျွန်းမှာတော့ သားဇောနှင့်စားချင်စိတ်မရှိဘူးဖြစ်နေသည်။ ချန်းယောလ် အပြင်ဖက်က်ိုအလိုက်သတိထွက်သွားပြီးတဲ့နောက်မှာတော့ ဘေးမှာအတူထိုင်နေတဲ့ ဂျုံဒယ်က ဘတ်ခ်ဟျွန်း၏လက်ကိုတို့ပြီး

" ကလေးအဖေလား၊ တော်တော်ချောတာပဲ "

" မဟုတ်ပါဘူး "

ဘတ်ခ်ဟျွန်း လက်ရော၊ ခေါင်းပါ ခါရမ်းပြပြီးအပြတ်အသတ်ငြင်းဆိုလိုက်ရသော် လည်းဂျုံဒယ်မှာတော့မယုံဘူးဆိုသည့်နှယ်မျက်မှောင်ကျုံ့ကာ ဘတ်ခ်ဟျွန်းကိုမှင်သေသေနှင့်စိုက်ကြည့်နေပါသေးသည်။ ဘတ်ခ်ဟျွန်း ဘယ်လိုပဲရှင်းပြ၊ ရှင်းပြ ယုံပေးမည့်ပုံ စံမပေါ်တာကြောင့် အားနာနာနှင့်သာရယ်ပြလိုက်ရသည်။

ချန်းယောလ် အခန်းထဲကထွက်လာပြီးအိတ် ကပ်ထဲထည့်ထားတဲ့ ဘူးထဲကနေဆေးလိပ်တလိပ်ကိုထုတ်၊ လက်ခုံနှင့်သုံး၊လေးချက်တောက်ကာ နှုတ်ဖျားမှာခဲထားလိုက်သည်။ ထို့နောက်ပါလာတဲ့မီးခြစ်နှင့် မီးညှိပြီးတရိူက်ဖွာကာ ဆေးလိပ်သောက်ဖို့သတ်မှတ်ထားတဲ့နေရာလေးမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း ဆေးလိပ်သောက်နေမိ သည်။

ဘတ်ခ်ဟျွန်းအတွက် ညစာဝယ်လာပေးရုံတင်မက လိုရမယ်ရ အနေနှင့်အိပ်ဆေးပါဝယ်ထားမိသည်။ ပြောမရဘူး၊ အကြော တင်းလေးက သားငယ်ကိုစိတ်ပူပြီး တညလုံးမအိပ်ဘဲ ထိုင်စောင့်ပေးချင်ပေးနေမှာဆ်ိုတော့ ဆေးဆောင်ထားတာမမှားဘူးလို့ ချန်းယောလ်ထင်မိသည်။

" ဟေ့ကောင် ချန်းယောလ် "

ဂျူတီကုတ်အဖြူရောင်လေးနှင့် ကလေးအ ထူးကုဆရာဝန်လေးက ချန်းယောလ်အားလက်ပြနှုတ်ဆက်ပြီး အနားကိုအပြေးအ လွှားလေးရောက်လာခဲ့သည်။

The Flowers You Give Me [ COMPLEDED ]Hikayelerin yaşadığı yer. Şimdi keşfedin