[2]

8.5K 955 38
                                    

( Unicode )

" သားငယ်လေး၊ မီးပူတိုက်ထားတဲ့အင်္ကျီတွေက ဒီဖက်အကန့်မှာနော် "

" ဟုတ်မေမေ "

ဖုန်းနှင့်မျက်လုံးအကြည့်မခွါနိုင်ဖြစ်နေတာမို့မေမေပြောတာကိုပြီးစလွယ်သာဖြေလိုက်မိသူချန်းယောလ်ကိုမေမေတနေရာကနေခါးထောက်ကြည့်နေမယ်ဆိုတာကောင်း​ကောင်းကြီးသိပါ၏။

" သားငယ်လေးကိုမေမေကြည့်နေတာ တနေကုန်ဂိမ်းဆော့နေတယ်နော်။ အလုပ်နားရက်မှာအေးအေးဆေးဆေးနားနေပါ့လား "

" မေမေခဏနော်၊ Battle ဆိုင်နေလို့ "

မေမေမှာတော့ခေတ်လူငယ်တွေ၏စကားကိုနားမလည်သော်လည်းဂိမ်းအသည်းအသန်ရူးသွပ်တဲ့သားဖြစ်သူနှုတ်ဖျားကထွက်လာတဲ့စကားတွေကိုတော့နားရည်ဝ,နေပြီဖြစ် သည်။ထို့ကြောင့်သူမ,ဆက်ပြောဖို့မကြိုးစားတော့ဘဲကြက်မွေးတုတ်ဖြင့်စားပွဲပေါ်မှာဖုန်တွေရှိလိုရှိငြားသန့်ရှင်းပေးနေ၏။

" ချီးပဲ၊ မင်းတို့ရှေ့မှာ Claude ကသွေးတစက်နဲ့ပြေးသွားတာမမြင်ဘူးလား။ ဟေ့ကောင်တွေသတိထား.. Lunox က Flicker ရှိနေတယ် "

သားဖြစ်သူ၏စိတ်လိုက်မာန်ပါကစားနေသောဟန်ပန်အမူအရာကြည့်ပြီးခေါင်းတခါခါဖြစ်နေ၏။

အဲ့လိုတွေသူငယ်ပြန်နေလို့ပဲ ကြိုက်မယ့်သူမရှိသေးတာနေမှာ။သူမ,တွေးရင်းအကြည့်တွေကဖိနပ်စင်ရှိရာသို့ရောက်သွား၏။

" သားငယ်လေးကို မေမေမေးချင်နေတာကြာပြီ၊ စင်ပေါ်တင်ထားတဲ့,ကလေးဖိနပ်တစ်ရံကဘယ်သူ့ဟာတုန်း "

ချန်းယောလ်မှာသူ့အာရုံနဲ့သူမို့မေမေ,မေးတာကိုမကြားပေ။

" Late game မဆွဲနဲ့ဟေ့၊မင်းအမေ Lunox က Items စုံနေပြီသိရဲ့လား၊ တစ်ကောင်တစ်ချက်နှုန်းနဲ့ပစ်သွားမှာ.. Esmeralda ကလည်း Shield တပြွတ်နဲ့ "

" ဟဲ့ သားငယ်လေး "

" အား.. နာတယ်မေမေရဲ့။ဘာလို့ရိုက်တာလဲဗျာ "

Voice Chats ဖွင့်ပြီးအပီတွယ်နေသည်မို့ကျန်တဲ့အဖွဲ့သားတွေချန်းယောလ်၏အသံကြောင့်တဟီးဟီးတဟားဟားရယ်ကြကုန် ၏။

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now