[4]

4.6K 809 37
                                    

( Unicode )

" ဘယ်လိုဖြစ်ကြတာလဲ "

အိမ်ရှင်အဒေါ်ကြီး၏မေးခွန်းကိုပင်ပြန်မဖြေနိုင်လောက်အောင်ဘတ်ခ်ဟျွန်းစိတ်ပင်ပန်းနေပြီဖြစ်သည်။တညလုံးငိုထား၍မို့အစ်နေသောမျက်ဝန်းတွေအားပါဝါမျက်မှန်အဝိုင်းလေးတပ်ကာဖုံးကွယ်ထားပြီးစာရွက်စာ တမ်းတချို့အားအဒေါ်ကြီးလက်ထဲထည့်ပေးလိုက်သည်။

" ကွာရှင်းစာချုပ်ကို အဒေါ်ကြီးဆီမှာပေးခဲ့မယ်လို့ဂျီဝူးကိုပြောထားပြီးသားမို့ကူညီပေးပါဉီး။ ပြီးတော့ ဒါကအိမ်ငှါးစာချုပ် "

" အေးပါကွယ်။ အိမ်လခပေးထားတာလည်းမကြာသေးဘူး၊ စာချုပ်ပြန်အပ်မယ်ဆိုတော့အဒေါ်ကြီးဘာပြောရမှန်းမသိတော့ဘူး။ တ ကယ်လို့ မင်းလာနေချင်သေးရင်အချိန်မရွေးလာလို့ရတယ်နော် ဘတ်ခ်ဟျွန်း "

အပြုံးတွေကနွမ်းလျနေ၏။လှုပ်လီလှုပ်လဲ့ဖြစ်နေသောခန္ဓာကိုယ်အားထိန်းကာနှုတ် ဆက်ရင်းအိမ်လေးကိုနောက်ဆုံးအနေနဲ့မော့ကြည့်မိ၏။

" ဒီအိမ်လေးကိုအပိုင်ဝယ်နိုင်အောင် ကိုယ်အလုပ်တွေကြိုးစားပြီးလုပ်ပါ့မယ် "

တချိန်ကပြောခဲ့ဖူးတဲ့စကားများအားလေထဲလွှင့်ပျယ်သွားတဲ့ဖုန်မှုန့်လေးပမာလိုပဲအပေါ စားဆန်လွန်းနေခဲ့၏။ယောက္ခမအိမ်ကနေဆင်းလာခဲ့ပြီးဒီအိမ်လေးမှာအတူနေတဲ့ကာ လပတ်လုံးအိမ်ငှါးစရိတ်ကိုဘတ်ခ်ဟျွန်းဖက်ကပဲအားထုတ်ထားခဲ့သမျှအရာရာအချည်းအနှီးဖြစ်လို့ရယ်။

ဘတ်ခ်ဟျွန်းလိုချစ်ခြင်းရဲ့ခါးသက်ခြင်းတေးသွားတွေမှာနားရည်ဝ,နေတဲ့လူတစ်ယောက်ရဲ့ဘဝကြီးကတော့ရေထဲပစ်လွှတ် လိုက်တဲ့စက္ကူလှေလေးလိုပါပဲ။ရေမစိုသရွေ့မြစ်ရိုးတစ်လျှောက်လှလှပပနဲ့မျှောပါသွားနိုင်သေးသည်မဟုတ်လား။

တခါတလေကျရင်လည်းလူတွေပြောတဲ့ချို မြိန်သောချစ်ခြင်းတရားဆိုတာကြီးကိုကြုံဖူးချင်မိပါရဲ့။

ကိုယ့်ကို ၂ နှစ်လုံးလုံးရေပူရေအေးဆက်သရတဲ့အိမ်ဖော်တစ်ယောက်လိုသဘောထားခဲ့တဲ့မိသားစုတစ်ခုရဲ့အောက်မှာနေလာရသူဆိုတော့နွေးထွေးခြင်းဆိုတဲ့အဓိပ္ပါယ်ကိုသိဖို့တောင်အမေ့ဗိုက်ထဲပြန်ဝင်ရမလိုပါပဲ။

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now