[8]

2.8K 445 72
                                    

( Unicode )

ချန်းယောလ် ထွက်သွားပြီးတော့ သီးသန့်ခန်းလေးထဲမှာ ဘတ်ခ်ဟျွန်းတို့ သားဖပဲကျန်ရစ်ခဲ့သည်။ သားလေးကလည်း ဆေးရှိန်နဲ့အိပ် ပျော်နေတာဆိုတော့ ဘတ်ခ်ဟျွန်းတစ် ယောက်တည်းဘာလုပ်လို့၊ ဘာကိုင်ရမှန်းမသိဖြစ်သည်။

ချန်းယောလ် ဝယ်လာပေးတာတွေမြင်တွေ့နေရသော်လည်း စားချင်စိတ်ရှိမနေတာကြောင့် ဒီတိုင်းထားဖြစ်ခဲ့သည်။ ဝယ်ပေးတဲ့သူကတော့ စေတနာအပြည့်နဲ့ ဝယ်လာခဲ့တာမှန်ပေမယ့် စိတ်ရူပ်လွန်း၍ အစားအသောက်ပျက်နေတာတော့ မတတ်နိုင်ဘူးပေါ့။

သားလေးကိုလှမ်းမြင်ရတဲ့ နေရာလေးမှာထိုင်ပြီး ရေသန့်ဘူးကိုဖေါက်ကာ တဂွတ်ဂွတ်မြည်အောင်မော့သောက်လိုက်သည်။

အချိန်ကလည်း ည ၈ နာရီစွန်းစွန်းရှိနေပြီမို့ အပြင်ဖက်မှာလည်း ထိုက်သင့်သလောက်မှောင်နေရောပေါ့။

သားလေး ဆေးရုံတက်တဲ့ကိစ္စက ရုတ်ချည်းဖြစ်သွားတာကြောင့် ဘတ်ခ်ဟျွန်းမှာ အဝတ်တထည်ကိုယ်တခုကလွဲရင် ဘာဆိုဘာမှမရှိ၊ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။ မနက်ဖြန်ဆေးရုံဆင်းရပြီလို့ ဆရာဝန်ကိုယ်တိုင်သေ ချာပြောထားတဲ့ ဥစ္စာ။

သီးသန့်ခန်းလေးအတွင်း လူနာစောင့်အိပ်ဖို့ရာ သံခုတင်တလုံးနှင့်အတူ မွေ့ယာပါးပါးလေးပါရှိပေမယ့် စောင်မရှိ၊ ခေါင်းအုံးမရှိ အ နေအထားဖြစ်နေသည်။

အိပ်ပျော်နေတဲ့သားလေးကို ကြည့်ပြီး အပြင်ဖက်သို့ လေရူရိူက်ရန် ဘတ်ခ်ဟျွန်းလမ်း လျှောက်ထွက်လာခဲ့လိုက်သည်။ ဆေးရုံကပိုးသတ်ဆေးနံ့ရတာနဲ့ ခေါင်းအုံတတ်သူမို့ စိတ်ပြေလက်ပျောက်ထွက်လာခဲ့ခြင်းဖြစ် သည်။

ရုတ်တရက် ပန်းခြံရှေ့က သစ်သားထိုင်ခုံလေးအောက်မှာ ဖုန်းကြည့်ကာ ထိုင်နေသောလူတစ်ယောက်ကြောင့် ဘတ်ခ်ဟျွန်း၏ ခြေ လှမ်းတွေတုံ့ခနဲရပ်တန့်သွားခဲ့ရသည်။

ဓါတ်မီးတိုင်လေးအောက်မှာ အနက်ရောင်ခေါင်းစွပ်အနွေးထည်နှင့်အတူ လက်ကြားမှာလည်း အငွေ့ထောင်းထောင်းထ,နေတဲ့ စီးက ရက်ကိုညှပ်ရင်း တဖက်ကဖုန်းသုံးနေသည်။

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now