အပိုင်း ( ၂ ) Zawgyi - edit

1.2K 57 2
                                    

ရှောင်ကျန့်မြို့မှာ မထင်မှတ်ထားလောက်အောင်ကိုပဲ အဆင် ပြေခဲ့၏။ အစကမြို့မှာ ငွေတစ်စရဖို့အတွက် အတော်ကို ပင်ပမ်းကြီးစွာ လုပ်ကိုင်ရလိမ့်မည်လို့ ထင်ထားပေမယ့် အလုပ်အကိုင် အဆင်ပြေသလို ကူညီပေးသော လူကောင်းတွေနှင့်လည်း ဆုံတွေခဲ့ရသည်။

ထူးဆန်းသည်တစ်ခုက ရှောင်ကျန့်လုပ်နေသည့်အလုပ် အန္တရာယ်ရှိလာရင်ပဲဖြစ်စေ၊ သူ့ကို အန္တရာယ်ပြုလာနိုင်သောသူပဲ ဖြစ်စေ ရှိလာလျှင်ထူးဆန်းသည့်စိတ်အာရုံက ကြိုပြီးအန္တရာယ်၏ အငွေ့အသက် ကိုခံစားမိခြင်းပင်ဖြစ်သည်။ ဘွားဘွားပြောခဲ့သည့် စေတနာအကျိုးပေး တာဖြစ်မည်သည်လို့ ရှောင်ကျန့် ထင်မိသည်။

ရှောင်ကျန့် မှန်းထားသောအချိန်ကာလထက်စောပြီး ငွေစုမိတာ မို့ တက်ကြွစွာဖြင့် ရွာကိုပြန်လာခဲ့သည်။ ရွာပြန်ရောက်လျှင် ရန်မေ၏ မိဘတွေဆီမှာတင်တောင်းလက်ထပ်ပြီးမားမားကိုပြုစုပေးရင်း ပျော်ရွှင် ရမည်ကို စိတ်ကူးရင်း မှောင်ရီစပျိုးနေပြီဖြစ်သည့်တောလမ်း ကိုမနားပဲ ဖြတ်လာခဲ့လိုက်သည်။

စိတ်ကူးယဉ်ပြီး လျှောက်လာသည့်ရှောင်ကျန့် ရုတ်တရက် အန္တာရယ်အငွေ့အသက်ကို သိလိုက်ရသည့်အချိန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သူ့ကိုဝိုင်းလာသောလူတစ်စုကြောင့် သူပြေးလို့မလွတ်တော့ ဘူးဆိုတာသိလိုက်ရပြီး ရင်ဆိုင်ဖို့အတွက် အဿပြာ ထည့်ထားတဲ့အိတ် ကို ကျစ်ကျစ်ပါ အောင်ဆုပ်ပြီး မေးလိုက်သည်။ "ခင်ဗျားတို့နဲ့ ကျွန်‌တော် ရန်စမရှိပဲ ဘာလို့ရန်ပြုချင်ရတာလဲ ဘာအလိုရှိလို့လဲ "

" ဟား ဟား ငါတို့က ခိုင်းတဲ့အတိုင်းလုပ်တာ..လိုချင်တာကတော့ မင်းအသက်ပဲ..ကြာပါတယ်ကွာ..မြန်မြန်သာ ရှင်းပစ်လိုက် "

ပြောရင်းနဲ့ ကျွန်တော့်ဆီ ပြေးဝင်လာသည့် ဓားကို တားဆီးဖို့ လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပေမယ့် ကျောပြင်ကတော့ ပူကနဲ နာကျင် မှုကို ခံစားလိုက်ရ၏။

တစ်ခဏအတွင်းမှာ ကျွန်တော့်ကိုကျွန်တော်တောင် မသိသော ကိုယ်ခံပညာတစ်ချို့ကြောင့် အသက်ကိုပဲလိုချင်ပါသည်ဆိုသော လူတစ် စု မြေပြင်ပေါ် အတုန်းအရုန်းလဲပြီး ငြိမ်သက်သွားကြသည်။

Wish (Complete)Where stories live. Discover now