အပိုင်း ( ၃၀ ) Zawgyi - edit

623 20 0
                                    

ချိုမြိန်ရသည့်နေ့ရက်တွေက ကုန်ဆုံးမြန်လွန်း၏။ ရှောင်ကျန့် ကုတင်ပေါ်မှာ အပူအပင်ကင်းစွာအိပ်ပျော်နေသော ၀မ့်မျက်နှာလေးကို ငေးကြည့်နေမိသည်။ ရှောင်ကျန့် ၀မ် နဲ့ ဒီည ထိတွေ့ဆက်ဆံမှုအပြီးမှာ နွားနို့ထဲ ထည့်ထားသော အိပ်ဆေးအရှိန်ကြောင့် ၀မ်တစ်ယောက် နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျနေလေရဲ့။

ပုံမှန်အတိုင်းဆို ဒီလိုဆက်ဆံလို့ပြီးသွားရင် ‌ရှောင်ကျန့် တစ်ယောက်မောပြီး အရင်အိပ်ပျော်သွားတတ်တာမို့ ၀မ်ကပဲ သန့်ရှင်း ရေးလုပ်ပေးလေ့ရှိ၏။ ရှောင်ကျန့်ကိုဆို တစ်ကြိမ်တစ်ခါနဲ့ မတင်းတိမ် တတ်တဲ့ဝမ်ကြောင့် မသုံးမဖြစ်မို့ အိပ်ဆေးအနည်းငယ် အသုံးပြုလိုက် တာဖြစ်သည်။ အဲ့ဒါကြောင့် ၀မ်ဟာ တစ်ကြိမ်အပြီးမှာ အိပ်ပျော်သွား တာဖြစ်သည်။

ရှောင်ကျန့် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အမှားအယွင်း မရှိအောင်ဖန်ချောင်းလေးထဲကို ၀မ့်ကိုယ်ပေါ်မှာ ပေနေတဲ့အရည် တစ်ချို့ ကိုယူကာထည့်သိမ်းလိုက်သည်။ အိပ်ပျော်နေသည့်ဝမ့်ကို သန့်ရှင်း‌ရေး လုပ်ပေးပြီး အောက်ထပ်ကို အသာခြေဖွကာဆင်းခဲ့လိုက်သည်။

ရီဖေးစုံစမ်းထားတဲ့အခြေအနေအရ သူတို့လိုချင်သော စံချိန် စံညွန်းနှင့် ကိုက်ညီတဲ့ အမျိုးသမီးကို ရှာတွေ့ထားပြီးဖြစ်သည်။ ကိုယ်ဝန် အဌါးဆောင်ပေးမယ့် အမျိုးသမီးလေးက ဆင်းရဲတာအပြင် ချွတ်ယွင်း ချက်ဘာမှမရှိသည့် ပညာတက် အပျိုလေး ဖြစ်၏။

ဂျပန်မှာဆေးကျောင်းတတ်နေတဲ့ကောင်မလေးက ရုတ်တရက် သူ့မိဘတွေက စီးပွားကျပြီး တိမ်းပါးသွားတာကြောင့် ကျောင်းပြီးဆုံး အောင်တက်ဖို့အတွက်တော်တော်လေးဒုက္ခရောက်နေရှာသည်။ မိဘ တွေကျန်ခဲ့တဲ့ အကြွေးတွေအတွက် အချိန်ပိုင်းအလုပ် မျိုးစုံလုပ်နေရပြီး ရသမျှက အကြွေးဆပ်နေရတာကြောင့် နေထိုင်ဖို့နှင့် စားရေးသောက် ရေးအပြင် ကျောင်းစရိတ်အတွက်ပါ အတော်ကြီးခက်ခဲနေသူ ဖြစ်သည်။

ဒါကြောင့်သူက အဌါးကိုယ်ဝန်ဆောင်ပေးရမည့် အလုပ်ကို လက်ခံခဲ့တာဖြစ်သည်။ဆရာဝန်ဖြစ်မည့်ဆေးကျောင်းသား တစ်ယောက် အနေဖြင့် အိမ်ထောင်မပြုပဲ ကလေးမွေးဖွားရသည့်ကိစ္စကို ရှက်စရာ အလုပ်တစ်ခုလို့ မခံယူတဲ့အပြင် မမျိုးဥ လိုအပ်ပါကလည်း သူလှူဖို့ဆန္ဒ ရှိ ကြောင်းပွင့်လင်းစွာ ပြောပြလာသည်။

Wish (Complete)Where stories live. Discover now