အပိုင်း ( ၃၈ ) Zawgyi - edit

737 22 0
                                    

ဝမ်ရိပေါ် တစ်ယောက် အူမြူးနေသည်။ အလုပ်ထဲမှာ အမြဲ တည်တင်းနေသော ၀မ်ရိပေါ်မျက်နှာမှာ ခုတော့ အပြုံးတွေ‌ဝေနေတာမို့ အားလုံးက သူတို့ အချေမင်းသားလေးကို ထူးဆန်းနေကြသည်။ ၀မ်ရိပေါ် ပျော်နေတော့ ဘေးမှာရှိသည့် စစ်ကျွေးတင်မက အဝေးရောက် နေသော နန်စီမကလည်းပျော်နေရှာသည်။

နန်စီတို့အိမ်က လောလောဆယ်သွေးပူနေတုန်းမို့ အမွေပြတ် စွန့်လွှတ်မယ်ပြောပေမယ့် ၀မ်ပါးနဲ့မားက အေးဆေးတွေ့ပြီး ဖျောင်းဖျ ပေးမယ်ပြောသည်။ ဘာပဲဖြစ်ဖြစ် သူတို့သူငယ်ချင်းဖြစ်သူ ၀မ်ရိပေါ် တစ်ယောက် အဆင်ပြေသွားပြီမို့ အားလုံးပျော်ရွှင်နေကြသည်။

ဒီသတင်းကောင်းကို ၀မ်ရိပေါ် ကျန့်ဆီကို မပြောသေးပဲ ထိန်ချန် ထားလိုက်သည်။ အကြောင်းကတော့ လူကိုယ်တိုင်တွေ့ပြီး ပြောပြချင် လို့ဖြစ်သည်။ အိုဆာကာကိုအမြန်ပြန်ရဖို့အရေး ၀မ်ရိပေါ် အလုပ်ထဲက တာဝန်တွေကို လွှဲစရာရှိတာတွေ အမြန်ဆုံးလွှဲ ပေးနေခြင်းဖြစ်သည်။

ခုချိန်သာ နန်စီမသာ ဘေးနားရှိရင် ၀မ်ရိပေါ် ၀ုန်းကနဲ ထသွား နိုင်သည်။ အလုပ်ကိစ္စနှင့်ပတ်သက်ရင် စိတ်ချရတာ နန်စီရဲ့ အားသာချက် ပင်ဖြစ်သည်။ စစ်ကျွေးကလည်း ရိပေါ်နဲ့အတူတူ ပြန်ရမှာမို့ အလုပ်ကိစ္စ တွေကို တခြားတာဝန်ရှိသည့်သူလက်ထဲကိုသာ လွှဲခဲ့လိုက်သည်။ ကျန်သည့်အရေးကြီးကိစ္စတွေကို ပါးနှင့်မား ဆက်ပြီးဖြေရှင်းပေးဖို့လည်း မှာခဲ့လိုက်သည်။

...................

ရှောင်ကျန့် ရိပေါ် ပြန်သွားတာ တစ်ပတ်ရှိပြီ။ ဖုန်းဆက်တိုင်း ပုံမှန်အကြောင်းအရာတွေပြောတက်ပေမယ့် ထူးထူးခြားခြား ၀မ်ပေါက် လေးကိစ္စနှင့်ပတ်သက်ပြီး ဘာမှပြောသံမကြားရပေ။ ရှောင်ကျန့် မနေ နိုင်လို့စာပို့ကာ မေးကြည့်လိုက်တော့ အဆင်ပြေမှာပါ သူ့ကိုယုံကြည် ထားလိုက်ဖို့ ပြောလာတာကြောင့် ထပ်မမေးဖြစ်တော့ပေ။

ဒါကြောင့် ရှောင်ကျန့်ရဲ့ ကိစ္စတစ်ခုကို အဆုံးထိတွေးတက်တဲ့ အကျင့်အတိုင်း ၀မ်ပေါက်လေးကို ၀မ်အိမ်တော်က လက်မခံခဲ့ဘူး ဆိုရင် ဆိုတဲ့အတွေးက ခေါင်းထဲဝင်လာသည်။ ရှောင်ကျန့်က ကိစ္စတစ်ခုကို အကောင်းဆုံးကိုမျှော်မှန်းထားသလို အဆိုးဆုံးဖြစ်လာမယ့် အရာကို လည်း ကြိုတွေးထားတက်သည်။ ဒါဟာ သူကျင်လည်လာတဲ့ သက်တမ်း တစ်လျှောက် အတွေ့အကြုံများအရ ဖြစ်သည်။

Wish (Complete)Where stories live. Discover now