အပိုင်း ( ၁၅ ) Zawgyi - edit

608 19 3
                                    

ရှယ်ယာရှင်အစည်းအ‌ဝေးရက်ရောက်ဖို့ တစ်ပတ်အလိုတွင်ဖြစ်သည်။

ရှောင်ကျန့် ထုံးစံအတိုင်း ရိပေါ်ကို ဆေးရုံမှာ ညဖက် အဖော် ပြုပေးပြီး မနက်စောစောထပြန်လေ့ရှိသည်။ တစ်ခါတလေ သူမအား တဲ့ရက်တွေက လွဲလို့ပေါ့..။ ခုလည်း ထပြန်ဖို့ အချိန်ကျလာပြီမို့ သူ့ကို တင်းကြပ်အောင်ဖက်ထားသော ရိပေါ်လက်လေးကို အသာလေးဖယ် လိုက်သည်။ နဖူးပေါ် ၀ဲကျနေသည့်ဆံပင်လေးကို သပ်တင်ပေးရင်း ပြန်ခါ နီး နဖူးလေးကို အနမ်းခြွေဖို့လည်း မမေ့စေရဘူး။

ဝမ့် နဖူးလေးကိုနမ်း၊မျက်နှာလေးကိုကြည့်ပြီး ပြန်ဖို့ အလှည့်မှာ စိတ်ထဲထင့်သွားသလိုခံစားလိုက်ရတာကြောင့် ပြန်လှည့် ကြည့်လိုက်ပေ မယ့် ၀မ်ကတော့ အပြစ်ကင်းသောမျက်နှာလေးဖြင့်အိပ်ပျော်နေဆဲပင် ဖြစ်သည်။ ဦးထန်းလည်း ရောက်လာမို့ နှုတ်ဆက်ပြီး အောက်ဆင်းခဲ့ လိုက်သည်။ ဒီနေ့ ၀မ့် ခြေထောက် ကျောက်ပတ်တီးဖြည်ရမှာမို့ စိတ်ပူနေ တာပဲ ဖြစ်မှာပါလို့ တွေးရင်းပေါ့....။

...................

ရီဖေး သခင်ကြီးကို ဆေးရုံကနေသွားကြိုလာပြီး Hotel ရောက် လို့ အခန်းထဲဝင်တဲ့အထိ ဘာစကားမှမဆိုပဲ နှုတ်ဆိတ်နေသည့်အပြင် တစ်ခုခုကိုတွေးတောနေသလို မျက်နှာမကောင်းတာကြောင့် မေးလိုက် မိသည်။

"သခင်ကြီး... နေမကောင်းလို့လား... မျက်နှာမလန်းဘူး.."

"ရီဖေး... ငါ့.. စိတ်ထဲထင့်ပြီးလေးနေတယ်.. ခံစားချက်ကြီးက နေလို့ မကောင်းဘူး.."

" ဒီနေ့ ပေါ်လေး ခြေထောက်ပတ်တီးဖြည်မှာမို့ သခင်ကြီး စိတ်ပူနေ တာများလား "

သခင်ကြီးမှာ အန္တာရယ်တစ်စုံတခု ဖြစ်တော့မယ်ဆိုရင် ကြိုမြင် တက်လေ့ရှိတယ်။ ဥပမာ အိမ်မက်လိုမျိုးမြင်မက်တာ၊ မျက်စိထဲ မြင် ယောင်ပြီးနမိတ်ပြတာမျိုးပေါ့။ ခုက အဲ့လိုမျိုးမမြင်ဘူးဆိုတော့ ပေါ်လေး အတွက်စိတ်ပူနေတာပဲဖြစ်လိမ့်မယ်လို့ရီဖေးတွေးလိုက်မိတာ ဖြစ်သည်။

" အင်း.. ဟုတ်မှာပါ.. "

ရှောင်ကျန့် ဟုတ်မှာပါလို့ ဖြည့်တွေးလိုက်ပေမယ့် စိတ်ထဲက လေးပင်မှု က လျော့မသွားပေ။

Wish (Complete)Where stories live. Discover now