အပိုင်း ( ၂၁ ) Unicode - edit

1.3K 111 2
                                    

၀မ်ရိပေါ် တဂွီဂွီမြည်နေသည့်ဖုန်းသံကြောင့် နိုးလာခဲ့သည်။ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး အသံပိတ်ကာ ပြန်ချထားလိုက်သည်။ Osaka ကိုပြန်ရောက်တဲ့အချိန်က တော်တော်ညဥ့်နက်တာမို့ ရောက် ရောက်ခြင်းအိပ်ယာထဲ ဒိုင်ဗင်ထိုး၀င်လိုက်တာနဲ့ တကျိုးတည်းကို အိပ်ပျော်သွားသည်။ ၀မ်ရိပေါ်အတွက် ခုမှ ကိုယ့်အိမ့်ကိုယ်ယာကို ပြန် ရောက်လာတဲ့ခံစားချက်မျိုး။ ဒီအိမ်၏အရှင်သခင်ကနွေးထွေးသလို သူနဲ့ ပတ်သက်သည့်အရာအားလုံးကလည်း နွေးထွေးလွန်း လှ၏။

ကျန့်တစ်ယောက် သူ့ဘေးကနေထသွားတာ မသိလောက် အောင်ကို သူနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတာဖြစ်မည်။ Osaka ၏ နွေဦးရာသီကမဆိုသလောက်ပူလာပြီမို့အပြင်မှာနေမင်းကြီးက တောက် ပနေသည်။ ညအိပ်တုန်းက Airconဖွင့်ထားပေမယ့် မိုးလင်းခါနီး ကျရင် Aircon ပိတ်ထားတတ်တာ ရှောင်ကျန့်၏အကျင့်တစ်ခု။

၀မ်ရိပေါ်က အိပ်ယာထထခြင်း ရေချိုးတတ်သော အကျင့် ကြောင့်Airconနဲ့တစ်ညလုံးအိပ်ထားတာမို့ ချက်ချင်းရေ၀င်ချိုးလျှင် ကျန်းမာရေး ထိခိုက်မှာစိုးတာကြောင့် အိပ်ယာမထခင် ရှောင်ကျန့်က Airconကိုကြိုပိတ်ထားပေးတတ်သည်။ ၀မ်ရိပေါ် ရေချိုးပြီး အပေါ့ပါး ဆုံးဖြစ်မည့် အကျီတစ်စုံကောက်စွပ်ပြီး အောက်ထပ်ကိုဆင်းလာ ခဲ့လိုက်သည်။

"ဟေ့ရောင် စစ်ကျွေး မင်းအိမ် မင်းမပြန်ပဲ ဒီမှာဘာလုပ်နေတာတုန်း "

၀မ်ရိပေါ် အပေါ်က ဆင်းလာလာခြင်း လက်ထဲမှာ အထုပ် တစ်ထုပ်ကိုင်ပြီး၀င်လာတဲ့စစ်ကျွေးကိုမြင်လိုက်တာကြောင့် လှမ်းအော် လိုက်သည်။

"သူတောင်းစား ၀မ်ရိပေါ်.. မင်းကျတော့ ဘာလို့နေနေတာလဲ.."

"ကျန့် ရှိတဲ့နေရာက ငါ့အိမ်ပဲလေ ထူးဆန်းလို့လား.."

၀မ်ရိပေါ် အိမ်၏အရှင်သခင်လို ပုံစံမျိုးဖြင့်ပြောလိုက်ခြင်းဖြစ်သည်။

"အေး .. ငါလဲ ဖေးကောရှိတဲ့နေရာက ငါ့အိမ်ပဲ... "

"သူတောင်းစား စစ်ကျွေး.. အဲ့ဒါ ငါ့ကော... "

ရိပေါ် နှင့် စစ်ကျွေးက တွေ့လိုက်သည်နှင့် အဲ့လိုပဲ သတ်နေကြမို့ ရီဖေး အလုပ်လုပ်ရင်း ပြုံးကာပဲ ကြည့်နေလိုက်၏။ ဒါပေမယ့်လည်း ရိပေါ်က စစ်ကျွေးကို ညီအစ်ကိုရင်းလိုချစ်သလို စစ်ကျွေးကလည်း ရိပေါ်ကိုဆို သူ့မောင်နှမတွေထက် ပိုချစ်တယ်ဆိုတာ သက်သေပြစရာ တောင် လိုမယ်မထင်ဘူး။

Wish (Complete)Where stories live. Discover now