အပိုင်း ( ၄၃ ) Unicode - edit

1.1K 102 3
                                    

"မြေးလေး..ရှောင်ကျန့်.. မြေးလေး.. ထပါအုံး.."

ရှောင်ကျန့် အိပ်မောကျနေရာမှ နားထဲမှာ ကြာပန်းနတ် ဘွားဘွားခေါ်သံကို ကြားလိုက်ရသည်။ အိမ်မက်မက်နေတာလား ထင်မိ တာမို့နောက်တစ်ကြိမ် နားစိုက်ထောင်လိုက်တော့လည်း ကြားနေ ရတာမို့ ဆက်ကနဲထထိုင်လိုက်သည်။ ရှောင်ကျန့် သူထထိုင်လိုက်တာမို့ သူ့ကို ဖက်ထားသည် ရိပေါ်လည်း နိုးသွား၏။

"ကျန့်.. ဘာဖြစ်လို့လဲ.."

"ကိုယ့်ကို ခေါ်သံကြားလို့ ..၀မ်.."

‌ရှောင်ကျန့်ပြောပြီး အဆောင်အပြင်ဖက်ကိုထွက်ခဲ့လိုက်သည်။

" ကျန့် ဘယ်သူခေါ်တာလဲ.. "

၀မ်ရိပေါ် မေးရင်း ကျန့်နောက်က ထပ်ကြပ်မကွာလိုက်သွားလိုက်သည်။)

"ဘွားဘွား.. ဘွားဘွား ခေါ်သံကိုယ်ကြားနေတယ်..၀မ်.. "

ရှောင်ကျန့် ပြောရင်း အသံကြားရာဖက်သို့ အပြေးတပိုင်းသွား လိုက်သည်။ ၀မ်က သူ့လက်ကို လာဆွဲတာမို့ လက်ဖ၀ါးချင်းထပ် ဆုပ်ကိုင်လိုက်ပြီး အသံလာရာဆီကို လှမ်းလာလိုက်သည်။

ညအချိန်ဖြစ်တာကြောင့် ကောင်းကင်က မစို့မပို့ထွက်နေသည့် လခြမ်းကွေးလေး၏အလင်းရောင်သာရှိသည်။ မှုန်ပြပြအလင်းရောင် အောက်မှာ လျှောက်ရင်း ရှောင်ကျန့် ၀မ့်ကိုလှည့်ကြည့်လိုက်တော့ သူ့ကို ပြုံးပြနေသည့် ၀မ့်အပြုံးက ကောင်းကင်က အလင်းရောင် ထက်သာ မည်ထင်။ ဒီအလင်းရောင်လေး ကျွန်တော့်နားရှိနေမှတော့ ကျွန်တော် ဘယ်တော့မှ လမ်းမပျောက်တော့ဘူး။

ရှောင်ကျန့် အသံကြားရာဖက်လျှောက်ရင်း ရုတ်တရက် ခြေချော်သွားသည်။ ရှောင်ကျန့် ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး မြေကြီး ပေါ်မကျခင် ရိပေါ်က သူ့ကိုဆွဲကာ ဖက်လိုက်ပေမယ့် တောင်စောင်း ဖြစ်နေတာကြောင့် နှစ်ယောက်လုံး လိမ့်ကာ ကျသွားသည်။

ရှောင်ကျန့် နဲ့ ရီပေါ် နှစ်ယောက်ဖက်ပြီး အရှိန်ဖြင့် လှိမ့်ကာ ကျသွားပြီး မြေပြင်ညီနေရာမျိုးရောက်တော့ ရပ်တန့်သွားသည်။

"၀မ်.. ဘာဖြစ်သွားသေးလဲ.. ဘယ်နားနာသွားလဲ.. "

ရှောင်ကျန့် မြေပြင်ပေါ်ကနေလူးလဲထကာ မေးလိုက်သည်။

Wish (Complete)Where stories live. Discover now