အပိုင်း ( ၃၄ ) Zawgyi - edit

547 23 1
                                    

"ရိပေါ်ရေ ဘယ်လိုလုပ်ကြမလဲ... "

မနက်ရုံးရောက်လို့မှ မကြာသေးဘူး နန်စီမတစ်ယောက် ပျာရီး ပျာယာရောက်လာကာ မေးလိုက်တာမို့ ဒီနေ့ တစ်နေ့တာအတွက် အစီ အစဉ်တွေပြောနေသည့် ရိပေါ်နဲ့ စစ်ကျွေး သူ့ကိုကြည့်ကာ ပြိုင်တူ မေးမိ သွားသည်။

"ဟင်... ဘာကိုတုန်း.."

"ငါ မနက်ရုံးရောက်တော့ ဒု CEO က ငါ့ကိုစကားပြောရအောင်ဆိုပြီး ခေါ်တွေ့တယ်.. "

"အေးလေ.. ဆန်းလား.. အဲ့ဒါ.. "

စစ်ကျွေးက စကားဝင်ထောက်သည်။ နန်စီမ သူမနှင့်မခင်တုန်း ကတော့ ဟန်ကြီးပန်ကြီးပုံစံဖြင့် ခုကျတော့ ရှပ်ပြာပြာနဲ့ နပေါမ ဆိုသည့် ပုံစံဖြင့် ကြည့်လိုက်သည်။

"မသာ.. ငါ့စကားဆုံးအောင် နားထောင်အုံး"

နန်စီနဂါးမျက်စောင်းနှင့်အတူ နားဝင်ပီယံလေးကိုပါ လက် ဆောင် ထည့်ပေးလိုက်သည်။

"ရိပေါ် နင့်အမေကပြောတယ် ..နင်နဲ့ငါလဲ အတော်ရင်းနှီးပြီး တစ်ယောက် အကြောင်းတစ်ယောက်သိပြီဆိုတော့ စေ့စပ်မလား.. တစ်ခါတည်း လက်ထပ်ပွဲ လုပ်မလားတဲ့.. ငါ့သဘောထား အိုခေပြီဆို င့ါအိမ်ကို ပြောလိုက်တော့မယ်တဲ့..."

နန်စီစကားအဆုံး ၀မ်ရိပေါ် ခေါင်း မိုးကြိုးပစ်လိုက်သလိုပင်။ သူခွင့်ရက် နီးလာလို့ မားတို့တော့ ပြဿနာရှာပြန်ပြီလို့ ၀မ်ရိပေါ် စိတ်ထဲ တွေးလိုက်မိသည်။ ၀မ်ရိပေါ် ကျန့်နဲ့တွေ့ရဖို့ အချိန်တွေကို နေ့စဉ်နှင့် အမျှလက်ချိုးရီပြီးစောင့်ခဲ့ရတာ နောက်ထပ် ရက်၄၀ သာလို တော့သည်။

"နင် ဘာပြန်ပြောလိုက်လဲ.. နန်စီ.."

"ငါက ခုတော့ ရိပေါ်နဲ့ တိုင်ပင်ပြီး စဉ်းစားအုံးမယ်လို့.. ပြီးတော့ လွတ်လွတ်လပ်လပ် နေချင်သေးတယ်လို့ပြောထားတယ်.. ဘာဆက် လုပ်ကြမလဲ.. ရိပေါ် .."

"အင်း.. စိတ်အေးအေးထား.. သူတို့ ငါ့တို့ကို အတင်းစီစဉ်လို့ မရဘူး.. တစ်ခုခုဆို နင်ရာရာ့ကိုခေါ်ပြီး သွားချင်တဲ့ဆီပြော ငါအားလုံး စီစဉ်ပေးမယ်.."

ဝမ်ရိပေါ် နန်စီကို စိတ်မပူဖို့ပြောလိုက်သည်။ ဒီပုံစံအတိုင်းဆို မားလည်းဝမ်ရိပေါ်ကိုမကြာခင်ခေါ်တွေ့တော့မယ်ဆိုတာ သိလိုက် သည်။

Wish (Complete)Tempat cerita menjadi hidup. Temukan sekarang