အပိုင်း ( ၂၂ ) Unicode - edit

1.3K 95 2
                                    

၀မ်ရိပေါ် အိပ်ယာကနေအသာထလိုက်သည်။ ဘေးမှာ အိပ် မောကျနေသော ကျန့်ကို ကြည့်ပြီး နဖူးလေးကို အသာငုံ့နမ်းကာ ကုတင် ပေါ်ကနေခြေဖွဆင်းလိုက်ပြီး အခန်းပြင်ထွက်ခဲ့လိုက်သည်။ အောက်ထပ် ကိုဆင်းလာလိုက်ပြီး Kitchen room ထဲမှာ အလုပ်များ နေတဲ့ စစ်ကျွေး ကိုတွေ့လိုက်ရသည်မို့...။

"ထျန်းနား.. စစ်ကျွေး ဘာတွေလုပ်နေတာလဲ "

"ဟီး.. ငါ မနက်စာလုပ်မလို့ ပြီးတော့ ..ကြက်ပေါင်းလုပ်မလို့ လုပ်နည်း အင်တာနက်မှာ ရှာနေတာ .. အတော်ပဲ မင်းရောက်လာ တာနဲ့ ငါ့ကို ၀ိုင်းကူစမ်းပါ ရိပေါ်ရာ..."

"ဗုဒ္ဓေါ.. ငါနားကြားမှားတာလား စစ်ကျွေး..ဒါနဲ့ ရီဖေးကော ဘယ်သွားလို့လဲ "

စစ်ကျွေး ဒီကောင်က မီးဖိုချောင်ကိစ္စ ဘာမှလုပ်ဖူးတာမဟုတ်။ သူကမှ ဒီမှာနေရင်း ရီဖေးကောကို ကူညီဖူးသေးသည်။

" ဟီး ငါညကသောင်းကျန်းတာ များသွားလို့..."

"ဘာ... သေချင်းဆိုး စစ်ကျွေး ငါ့ကောကို မင်းးးး ...."

စပ်ဖြဲဖြဲပြောလာတာတဲ့ စစ်ကျွေးကို ၀မ်ရိပေါ်တအုန်းအုန်း ထု တော့သည်။

"စိတ်လျော့..ရိပေါ်..စိတ်လျော့ချစ်ဆုံးလေး..ငါမင်းကိုအားကျလို့ပါကွာ..ဟီး ဟီး"

"အားကျလဲ ဖြည်းဖြည်းသွားမှပေါ့ကွာ..ခုတော့ ငါ့ကော သနားပါတယ် .."

နှမလင်နေမောင်ဖင်ကျိန်းဆိုသည့်စကားလို့ အစ်ကိုဖြစ်ပေမယ့် ၀မ်ရိပေါ်ဖင်ကျိန်းမိသည်။

"မင်းကျတော့..Everyday ပြီး..."

"တူမလားကွ... ငါက မင်းလို အမြဲမှအတူမနေနိုင်တာ..."

"အေးပါကွာ..စတာပါ..စိတ်မကောင်းမဖြစ်ပါနဲ့..မင်းအဲလိုဖြစ်ရင် ငါ မနေ တတ်ဘူး...ဒါနဲ့ မင်း ညက အခန်းထဲဘယ်လို ၀င်ခွင့်ရသွားတာလဲ..." စစ်ကျွေး ရိပေါ်ကို စိတ်၀င်စားစွာမေးလိုက်သည်။

"ငါက ဘယ်သူမို့လဲ.. ၀မ်ရိပေါ်ပါကွ..."

မနေ့က ၀မ်ရိပေါ် ရှောင်ကျန့်ကို Everyday မယ်ပြောလိုက်လို့ ညကျတော့ ၀မ်ရိပေါ် အခန်းထဲ၀င်ခွင့်မရတော့ပေ။ ကိုယ့်အခန်း ကိုယ် သွားပြန်အိပ်ဆိုသည့်တစ်ချက်လွှတ်အမိန့်ဖြင့်အခန်းတံခါးကို ရှောင်ကျန့် က လုံး၀ဖွင့်မပေး။

Wish (Complete)Where stories live. Discover now