အပိုင်း ( ၁၆ ) Unicode - edit

1.2K 111 1
                                    

၀မ်ရိပေါ် နိုးလာချိန်မှာ ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်ရက်သား လက်တွေကိုနောက်ပြန်ကြိုးတုတ်ထားပြီး ခြေထောက် နှစ်ဖက်ကိုပါ ကြိုးနှင့်ချည်နှောင်ထားသည်ကို သိလိုက်ရသည်။ ကားပေါ်မှာ ရှင်းမေ တိုက်သည့် ဖျော်ရည်ကိုသောက်မိတာကို ပြန်သတိရမိပြီး ခု ဘယ်ရောက် နေတာလဲဆိုတာကို အကဲခတ်လိုက်သည်။

"နိုးပြီလား..ရိပေါ် ... "

"ရှင်းမေ... မင်း ဒါဘာလုပ်တာလဲ ... ငါ့ကို ခု..လွှတ်ပေးစမ်း.."

၀မ်ရိပေါ် ဒေါသထွက်စွာ အော်ပစ်လိုက်သည်။

" ဒေါသတွေ ထွက်မနေပါနဲ့. ရိပေါ်..ရယ်.. အေးဆေးပေါ့ .."

"မင်း .. ဘာဖြစ်ချင်တာလဲ ..ရှင်းမေ.. "

" မေက ရိပေါ်နဲ့ လက်ထပ်ချင်တာလေ..."

" ငါ့မှာ ချစ်သူရှိတယ်လို့ မင်း ကို ပြောထားပြီးသားလေ.. "

" မေ သိတယ်.. အဲ့ယောကျ်ားက မေ့ထက် ဘာသာနေလို့လဲ ရိပေါ် .."

"မင်...ဘယ်..လို..သိ.."

"ဟင်း..ဟင်း... မေသိချင်ရင် လွယ်လွယ်လေးပါ ရိပေါ် ရယ်.."

"ဘာပဲ ဖြစ်ဖြစ် .. မင်းကို မချစ်ဘူး ရှင်းမေ.. မင်းအတွက် ယောင်္ကျား မရှားပါဘူး .."

"ဟုတ်တယ်.. မေ့ ကို ရချင်တဲ့ ယောင်္ကျားတွေများ တန်းစီနေတာပဲ. .ဒါပေမယ့် မေက မရတာကိုမှ မရရ ရအောင် လိုချင်တာ.."

"ငါမှ မင်းကို အလိုမရှိတာ ရှင်းမေ.. မမိုက်ချင်စမ်းပါနဲ့ဒါ ရာဇ၀တ်မှုနော် "

"ဟိုအခြောက်ကောင်ထက် မေက ရိပေါ်ကို သာယာမှုပေးနိုင်ပါတယ် စိတ်ကူးမလွဲစမ်းပါနဲ့ .."

ရှင်းမေ ရိပေါ်ရှေ့က စားပွဲပေါ် တင်ပါးလွှဲထိုင်လိုက်ရင်းရိပေါ် မျက်နှာလေးကို ထိတွေ့ကာ ပြောလိုက်သည်။

"ထွီ.. ရွံစရာကောင်းတဲ့လက်နဲ့ ငါ့ကိုလာမထိစမ်းနဲ့.. ငါ့လူကိုလဲ မင်းလိုမိန်းမ စော်ကားစရာမလိုဘူး"

"ဟင်း..ဟင်း..ရိပေါ်ကို မေက ကောင်းကောင်းဆွေးနွေးနေတာ မရဘူးပဲ.."

ရှင်းမေ မျက်ရိပ်ပြလိုက်တော့ အနားမှာရှိနေသည့် ယောကျ်ား နှစ်ယောက်က ၀မ်ရိပေါ် ကို ၀ိုင်းထိုးကြသည်။

Wish (Complete)Where stories live. Discover now