part 6(z+u)

2.5K 315 21
                                    

နောက်တစ်နေ့ မနက်စောစောတွင် သော်စစ်က မြို့ပေါ်ဆေးရုံသို့ ပိုးထိလူနာကို အရေးပေါ်လိုက်ပို့ပေးရသည်။ လူနာသည် အသက် ၁၂အရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်ပြီး သူ့တွင် အဖသာကျန်ရှိတော့၏။ ကလေးမလေး၏ ဖခင်မျက်နှာသည် ဇီးရွက်လောက်သေးငယ်၍ ပြိုတော့မည့်မိုးလို သမီးငယ်အတွက် ပူပင်သောက ရောက်နေသည်။ ဖခင်၏ လက်ထဲတွင် မြွေသေတစ်ကောင်ပါသော ကြွပ်ကြွပ်အိတ်အမဲရောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျက် တစ်ဖက်မှလည်း သမီးဖြစ်သူ၏ လက်ကို တင်းကျပ်စွာကိုင်ထားသေး၏။

သုံးဘီးဆိုင်ကယ်သည် ဆေးရုံရှေ့သို့ ထိုးရပ်ရပ်ချင်းတွင် သော်စစ်က ထိုကလေးမလေးအား ပွေ့ချီ၍ ပြေးလာသည်ကို တာဝန်ကျဆရာဝန်က မြင်သော်အခါ ကပျာကယာမေးလေသည်။

" ဘာဖြစ်တာလဲ "

" မြွေကိုက်တာ ။ အဆိပ်က သိပ်မပြင်းပေမယ့် ပြန့်တာ မြန်နေပြီ "

ကလေးမ၏ နှုတ်ခမ်းများက ပြာချင်သလိုဖြစ်နေပြီး သတိရတစ်ချက် မရတစ်ချက်ပင်ဖြစ်နေပြီ။ ဆရာဝန်က ကလေးမကို လူနာစင်ပေါ်တင်၍ စတင် စမ်းသပ်တော့သည်။

" ကိုက်တဲ့မြွေရော ရခဲ့လား "

" ဒီ...ဒီမှာ "

ကလေးမ၏ ဖခင်က ကတုန်ကယင်ဖြင့် မြွေပါသော ကြွပ်ကြွပ်အိတ်အမဲကို ဆရာဝန်ထဲထိုးပေးသည်။ ဆရာဝန်က မြွေကို တစ်ချက်ကြည့်၍ သက်ပြင်းသဲ့သဲ့ချသည်။ ထို့နောက် သူနာပြုဆရာမတစ်ယောက်နှင့် ကုသမှုကို ဆက်လုပ်နေပြီး သော်စစ်ကို တစ်ချက်ကြည့်ကာ အချက်ပြလိုက်သည်။ သော်စစ်သည်လည်း နားလည်စွာပင် ကလေးမ၏ ဖခင်ကို ကုသခန်းအပြင်သို့ ခေါ်သွား၍ ထိုင်စေ၏။


" ငါ အခန်းထဲမှာနေလို့မရဘူးလား၊ ငါ ပိုမူး(သမီး) ကို ကြည့်ချင်တယ် "


အသဲဝဲဝဲဖြင့် မြန်မာစကားကို ဗလုံးဗထွေးဆိုသည့် တိုင်းရင်းသားကြီးက မျက်ရည် လည်တည်တည်နှင့်။


" ဖာနန် ( ဦးလေး ) မစိုးရိမ်ပါနဲ့ ။ ဖာနန့် ပိုမူး( ဦးလေးသမီး) ကသက်သာသွားမှာ ။ ကျွန်တော့်ကိုယုံပါ "


အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now