part 12(z+u)

2.5K 291 8
                                    

တိုတောင်းလွန်းသည့် အချိန်တွေသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။ ဒီဇင်ဘာသည် ဤရွာလေး၌တာဝန်ထမ်းဆောင်ရင်း အချစ်ဟောင်းနဲ့ အတူတူရှိနေသည်မှာ ၃လပင်ပြည့်ခဲ့ပြီ။ ထိုအချိန် အတောအတွင်း၌ သူသည် ရွာလေး၏ ပညာရေးတိုးတက်ဖွင့်ဖြိုးမှုအတွက် ကြိုးပမ်းကာ အချစ်ဟောင်းဆီမှ ချစ်အဖြေကိုလည်း စောင့်ဆိုင်းနေသေးသည်။ သူသည် သော်စစ်နိုင်၏ ရင်ထဲက သူ့အတွက် အချစ်ကိုမြင်နေရပါလျက်နှင့် သော်စစ်ကတော့ ဆက်ပြီး မျိုသိပ်ထားတုန်းပင်။ သော်စစ်သည် ထပ်ပြီး သူထားခဲ့မည်ကို ကြောက်ရွံ့နေသည့် ဟန်ရှိသောကြောင့်လည်းပါမည်။ တခြားသောအကြောင်းလည်းရှိပေလိမ့်မည်။ သို့ပေမယ့် သူအားမလျော့ပေ။ သူ၏ မြတ်နိုးဖွယ်ရာ နှလုံးသားလေးဆီက ချစ်အဖြေကို ဒီနေ့တော့ ရအောင် တောင်းရတော့မည်။

ရာသီဥတုသည် တဖြည်းဖြည်း အပူချိန်တိုးလာကာ အရင်ကလောက် မချမ်းအေးတော့ချေ။ သို့ပေမယ့် မနက်ပိုင်းနှင့် ညပိုင်းတွင်တော့ အအေးဓာတ်ရှိနေသေး၏။ ထို့ကြောင့် ဝတ်နေကျအတိုင်းပင် ဆွယ်တာထူထူနှင့် အနွေးထည်တစ်ထပ်ဝတ်ကာ ဘောင်းဘီရှည်ရှည်ကို ခြေမျက်စိဖုံးအောက်ပင် သူဝတ်ဆင်လိုက်သည်။ အိမ်ရှေ့ ခုံတန်းလျားလေး၌ထိုင်ကာ မှောင်မည်းနေသည့် ရှေ့တူရူကို ကြည့်ရင်း သော်စစ်ဆီက အဖြေကို ဘယ်လိုတောင်းရမလဲ ဟူ၍ စဥ်းစားနေမိ၏။

" ဗျို့ ကျောင်းဆရာ မှောင်မှောင်မည်းမည်းထဲ ဘာထိုင်လုပ်နေတာလဲဗျ  "

ခြံဝိုင်းရှေ့မှ ထွက်လာသည့် ကာလသားခေါင်း ခွန်ထွန်းအောင်၏ အသံဖြစ်သည်။ ဒီဇင်ဘာက ခွန်ထွန်းအောင်အား လှမ်းကြည့်လိုက်ရာ ခွန်ထွန်းအောင်၏ လက်ထဲတွက် ဓာတ်မီးတစ်လက်ကိုင်ထားပြီး ကာလသား ၅ယောက်လည်း ပါနေသေးသည်။

" ညကြီးမိုးချုပ် ဘယ်သွားကြမလို့လဲဗျ "

ဒီဇင်ဘာက အသံကို ခပ်အုပ်အုပ်အသံဖြင့် အသံကိုလျော့၍ မေးလိုက်သည်မှာ အပေါ်ထပ်တွင် ဘုရားရှိခိုးနေသည့် သူ့အချစ်ဟောင်းလေး အနှောက်အယှက်ဖြစ်သွားမည် စိုး၍ ဖြစ်သည်။

" လူပျိုလှည့်သွားမလို့ဗျ ဆရာရောလိုက်အုံးမလား "

ကာလသားတစ်ယောက်၏ ရယ်မောကာ ပြောလိုက်၏။ထိုအခါ ဒီဇင်ဘာသည် သူတို့အနီးသို့ လျှောက်လာကာ ပြုံး၍

အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now