~အပိုင်း(၃) ~ဘာလို့သူက စိတ်ဆိုးနေတာလဲ

697 66 0
                                    

သူက ယောက်ျားလေးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်က လီယွီလိမ်ပြောခဲ့တာ မဟုတ်ဘူး။

သူက ရှဲ့ကျန့်ထက် တစ်နှစ်ခွဲလောက် ကြီးရုံလေးနဲ့ သူတို့အရွယ်မှာ ကွာခြားမှုတွေ သိပ်ရှိမှာ မဟုတ်‌ဘူး။သို့ပေသိ သူက ငယ်ငယ်လေးကတည်းက ချူချာတဲ့ကလေး ဖြစ်သည့်အပြင် ကောင်လေးတွေက မိန်းကလေးတွေထက် ဖွင့်ဖြိုးမှု နောက်ကျတယ်ဆိုသည့် အချက်တွေကြောင့် သူက ရှဲ့ကျန့်လောက် အရပ်မရှည်ခဲ့ချေ။

အမှန်တရားကို ထုတ်ဖော်ပြောပြီးနောက် သူတို့နှစ်ယောက်ကြားက လေထုသည် အတော်လေး ကိုးရိုးကားရားနိုင်လာတယ်။

နောက်ဆုံးမှာ ရှဲ့ကျန့်က ကလေးပဲ ရှိနေသေးတယ်လေ။သူ့ကို အမှတ်တမဲ့သွားပြီးစမ်းလိုက်သည့်နောက် သူမက နောင်တရသွားပြီး သူမလက်ကို အနောက်သို့ ပြန်ရုတ်သိမ်းလိုက်ပြီး ပြောလာခြင်းပင်။
"ငါ့ကို အပြစ်မတင်နဲ့။ဒီလောက်လှနေတော့ ဘယ်သူမဆို စူးစမ်းမိမှာပဲလေ။"

လီယွီ၏သွင်ပြင်က ပုံမှန်အတိုင်းပြန်ဖြစ်တာမှ မကြာသေးသော်ငြားလည်း သူမစကားကို ကြားပြီးနောက် သူ့မျက်နှာက တစ်ဖန် အစိမ်းရောင်ပြောင်းသွားချေပြီ။
"ဒါပေမဲ့ မင်းမပြောသင့်တော့ဘူး..."
စကားတစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်ခဲ့တယ်။ သူက သူမကို စကားဆုံးအောင်တောင်ပြောဖို့ မတတ်နိုင်ချေ။

သူက စုန့်အမျိုးသမီးနဲ့အတူလာသည့် ဧည်သည့်တစ်ယောက် ဖြစ်တယ်။သို့ပေသိ ပင်မခန်းမဆောင်ထဲမှာ တစ်နာရီခွဲလောက် ထိုင်ပြီးနောက် ပျင်းရိလာတယ်။သူက အပြင်(အိမ်သာ)သွားဖို့ ဆန္ဒရှိသည့်အတွက် ခန်းမထဲက ထွက်ရန် အစေခံမိန်းမပျိုနောက်မှ လိုက်ပါလာခဲ့၏။မမျှော်လင့်ဘဲ သူအပြင်ထွက်လိုက်ချင်းပဲ ဒီလို ကျိုးကြောင်းမဆီလျော်တဲ့ ပြဿနမလေးနဲ့ ထိပ်တိုက်တွေခဲ့တယ်။

ရှဲ့ကျန့်က အမှားလုပ်ထားတယ်ဆိုသော်ငြား
ပြဿနာကနေ ရှောင်ထွက်ဖို့ ပရော်ပရည်လုပ်ပြီး အပြစ်ကင်းချင်ယောင်ဆောင်နေသေးသည်။ သူမက လီယွီ၏ လက်ကို သွားဆုပ်ကိုင်လိုက်ကာ မျက်နှာချိုသွေးပြီးပြောလာတယ်။
"စိတ်မဆိုးပါနဲ့။ ငါနင့်အတွက် သီချင်းတစ်ပုဒ်ဆိုပေးရမလား"

 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးWhere stories live. Discover now