~အပိုင်း(၈)~၂။မတော်တဆ

531 57 2
                                    

ကောင်းရွှင်က တကယ့်ကို သူမထက် စောစောနိုးနေခဲ့တယ်။ယနေ့ သူတို့တွေ့ဆုံကြဖို့ အဆက်မပြတ် တွေးတောနေတာကြောင့် ဝေလီဝေလင်းအချိန်တည်းကပင် သူက ရှဲ့အိမ်တော်ဆီ ခပ်သုတ်သုတ်ပြေးလာခဲ့လေ၏။

"ကျွန်တော် အစေခံခုနစ်ယောက် ရှစ်ယောက်လောက် ခေါ်လာခဲ့တယ်။သူတို့က သေချာပေါက် ရှဲ့ကျန့်ကို ကာကွယ်ပေးဖို့ တတ်နိုင်ပါတယ်ဗျာ့"
သူက ရှဲ့လိချင်းနှင့် ရှဲ့ရုန်ကို ပြော၏။

ရှဲ့ရုန်က ခဏလောက်တိတ်ဆိတ်နေခဲ့ပြီး သူ့ကို မဆိုင်းမတွပင် မြန်မြတ်ဆန်ဆန် ငြင်းဆိုလာ၏။
"မဖြစ်ဘူး"

သူ့လူတွေအများကြီး ခေါ်လာတာက အကြောင်းမဟုတ်ဘူး။သူက အသက်အရမ်းငယ်ရွယ်ပြီး ပိန်ခြောက်ခြောက်လေးနဲ့...တစ်စုံတစ်ရာဖြစ်ပျက်ခဲ့သည်ရှိသော် သူဘယ်လိုလုပ်ပြီး သူ့ညီမလေးကို ကာကွယ်ပေးနိုင်မှာတဲ့လဲ?။

ရှဲ့ရုန်ကို စည်းရုံးသိမ်းသွင်းလို့မရလေတော့ ကောင်းရွှင်က ရှဲ့လိချင်းဖက်လှည့်လာပြီး အသနားခံလာပြန်၏။
"ဦးလေးရှဲ့...ကျေးဇူးပြုပြီး ကျွန်တော့်ကိုယုံပါနော်"

ရှဲ့လိချင်း အနည်းငယ်နှာခေါင်းရှုံ့လိုက်ပြီး သူမှာလည်း သူ့သားကဲ့သို့ အတွေးမျိုးရှိနေခဲ့၍ ထိုနည်းတူစွာပင် သဘောတူလက်ခံခြင်းမပြုခဲ့ချေ။
"ဒီလိုဆိုမှတော့ ငါတို့နှစ်ယောက်လုံးလည်း အပြင်ထွက်ကြမဲ့အတူတော့ ...မင်းစိတ်မရှိဘူးဆို ငါတို့နဲ့မင်းအတူတူသွားလို့ရနေတာပဲလေ"

ကောင်းရွှင် အတော်လေး စိတ်ပျက်သွားရ၏။သူယူဆထားတာက ဒီနေ့တော့ ရှဲ့ကျန့်နဲ့နှစ်ယောက်တည်း သွားရတော့မည်ဟုပင် ။

သူက လီယွီကို တောင် ခေါ်ထားနှင့်ပြီးလေ၏။သို့သော် အခုတော့ သူမအဖေနှင့်သူမအကိုပါ သူတို့နဲ့အတူ လိုက်ချင်ပြန်သတဲ့လေ။သူစကားပြန်မပြောမီ  ခဏလောက် တွေးဆနေခဲ့၏။
"ဦးလေးရှဲ့ ဘယ်ကို သွားချင်တာလဲဗျာ့...ကျွန်တော် ဦးလေးတို့ အားလုံးရှိမဲ့နေရာကို လာတွေ့ဖို့ အချိန်တစ်ခု သတ်မှတ်လိုက်မယ်လေ...ကျွန်တော် ရှဲ့ကျန့်ကို သူမဖို့ ဆံထိုးတစ်ချို့ဝယ်ပေးမယ်လို့ ကတိပေးထားလို့။"

 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးWhere stories live. Discover now