အပိုင်း~(၁၀)~၁။

1.4K 57 3
                                    

🌻မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေး🌻

အပိုင်း~(၁၀)~၁။

ကလေးနှစ်ယောက်သည် လမ်းမပေါ်တွင် ထူးထူးခြားခြား ထင်းခနဲမြင်သာစေခဲ့၏။လမ်းသွားလမ်းလာများက လမ်းကိုဖြတ်လျှောက်ကြသည့်အခါ သူတို့လေးတွေကို အကြည့်တစ်ချက်မျှ မပို့‌ဘဲ မနေနိုင်ကြချေ။ရံဖန်ရံခါမှာဆို တစ်ကြိမ်မကဘဲ နှစ်ကြိမ် ၊သုံးကြိမ်တောင် လှည့်ကြည့်တတ်ကြသည်။ကလေးနှစ်ယောက်သည် အသက်(၅)နှစ်(၆)နှစ်အရွယ် ဝန်းကျင်လောက်ရှိကြပြီး ကောင်ငယ်လေးက ဘရိုကိတ်ပိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး

သူ၏ မျက်ခုံးမွှေးထင်းထင်းနှင့် မျက်လုံးပြူးပြူးလေးတွေက သူ့အား သက်ဝင်လှုပ်ရှားမှု အပြည့်ဖြစ်စေ၏။

သူ၏မျက်နှာကြန်အင်လက္ခဏာတို့က အလုံးစုံ ချောမွတ်နေပြီး မိန်းကလေးတစ်ယောက်ဟု ထင်မှတ်ရလောက်အောင်ပင် လှပနေ၏။

ကောင်ငယ်လေး၏ဘေးတွင် အရုပ်မလေးနှင့်တူသည့် ကလေးမလေးတစ်ယောက်ရှိနေခဲ့ပြီး သူမ၏ နုနယ်ပျိုမျစ်မှုတို့က ထင်ဟပ်နေခဲ့လျက်။သူမ၏ အပြုံးတွေက တောက်ပနေခဲ့တယ် ။သို့ပေမဲ့ သူမ၏ မက်မွန်ရောင် နှုတ်ခမ်းဖူးဖူးလေးတွေက  တစ်ဖြည်းဖြည်း ညိုးငယ်သွားလေတော့ ‌မရည်ရွယ်ခဲ့ပါဘဲ တစ်ခြားသူတစ်ယောက်အား သူမကို သနားလာစေအောင် ပြုစားနေသည့်နှယ်။

ကလေးနှစ်ယောက် အတူလမ်းလျှောက်လာကြသည့်ကို မြင်ရခြင်းဖြင့် အခြားသူတို့သည် သူတို့လေးတွေက ကွမ်ရင်မယ်တော်၏ ခြေတော်ရင်းတွင် ခံစားရသည့် ချစ်စရာကောင်းသောကလေးများဟုပင် မှားယွင်းထင်မှတ်လုနီးနီးပင်။

ကလေးမလေးက ကောင်ငယ်လေးနောက်ပါးမှ ကပ်၍ လိုက်ပါလာခဲ့ပြီး မကြာခဏဆိုသလို မေးလာသည်ကား။
"ရှောင်ယွီကိုကို။ကျွန်မတို့ ဘယ်ကို သွားရမယ်ဆိုတာ ကိုကိုသိလား??"

‌လီယွီက ခေါင်းခါလိုက်ပြီး ပြောလာသည်ကား။
"မသိဘူး"

များမကြာမီပင် သူမက တစ်ဖန်ထပ်မေးလာပြန််ပါသည်။
"ဒါဆို...ကိုကို အိမ်တော်ထိန်းဝမ်နဲ့ ကျွန်မကိုကြီးကို ရှာတွေ့နိုင်ပါ့မလား။"

 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးWhere stories live. Discover now