~အပိုင်း(၅)~ကောင်းထုန်ထုန်၏ စမ်းသပ်မှု

562 69 4
                                    

အခြားသောမမလေးတွေအားလုံးက တစ်ယောက်နှင့်တစ်ယောက် သိပြီးသားပေမို့ သူတို့တွေကြားထဲ မသိကျွမ်းသည့်မျက်နှာလေးနှစ်ခု ပေါ်လာသည့်အခါ တစ်ချို့၏ စပ်စုတတ်သည့် မျက်နှာထားများက အလျဉ်းမပြတတ်ဘဲ သူတို့လာရာလမ်းအတိုင်းသာ မျက်နှာမလွှဲစတမ်း လှည့်ကြည့်နေကြ၏။

ရှဲ့ကျန့်နှင့်ရှဲ့ရွှင်သည် ငယ်ငယ်ကတည်းက ဒီလိုအကြည့်တွေနှင့် ကျင်းသားရနေပြီးသားပင်။သူတို့သည် စိတ်သဘောထားမြင့်မြတ်ပြီး သဘောထားကြီးကြီးထားတတ်သောကြောင့် ဗွေမယူသည့်အပြင် အခြားသော မမလေးများ၏ အပြုအမူတွေသည် သူမတို့အပေါ်လုံးဝသက်ရောက်မှု မရှိခဲ့ချေ။ မမလေးအများစုကတော့ သူမတို့နှစ်ယောက် အလွန်လှတယ်လို့ မှတ်ယူခဲ့ကြ၍ သူတို့ကိုချည်းကပ်ဖို့ရန် မဝံ့ရဲ့ကြပေ။ရီကျီရင်းတစ်ယောက်သာ သူမမိခင်၏ စေခိုင်းမှုအရ အရှေ့သို့လာပြီး ရှက်ကြောက်စွာဖြင့် သူတို့ကိုလာနှုတ်ဆက်လေ၏။သူမထင်မြင်ချက်တွေနှင့် ကွဲပြားစွာပင် ရှဲ့ကျန့်က အလွန်ပင် ပေါင်းရသင်းရလွယ်ကူခဲ့ခြင်းပင်။
"ငါက ရှဲ့ကျန့်လို့ခေါ်တယ်။ဒါက ငါ့ညီမလေး အားရွှင်တဲ့။နင်ကကောဟင်"

ပြောမပြတတ်အောင် စိတ်လှုပ်ရှားခဲ့ပြီး ရီကျီရင်းက ချက်ချင်းပင် သူမနာမည်ကို ပြန်ပြောပြလာ၏။
သူတို့အချင်းချင်း မိတ်ဖွဲ့ပြီးနောက် မမလေးသုံးယောက်က အတူတူ စကစားတော့သည်။

ဒီလိုမြင်ကွင်းမျိုးကို မြင်ကြရတော့ အခြားသူတွေက မနာလိုဖြစ်ရုံမှလွဲ၍ မတတ်နိုင်တော့ချေ။ထို့‌နောက်
တစ်ယောက်ပြီးတစ်ယောက် တဖြေးဖြေးနှင့် ချည်းကပ်လာကြပြီး သူတို့ကိုယ်တိုင်ပဲ မိတ်ဆက်လာကြလေ၏။ နောက်ဆုံးတော့ လူတိုင်းက ပိုလှတဲ့အရာလေးတွေဖြစ်သည့် လေးနှစ်ငါးနှစ်အရွယ် ကလေးတွေ၏ ဆွဲဆောင်ခြင်းခံရတော့၏။

သိပ်မကြာမီ ရှဲ့ကျန့်နှင့်ရှဲ့ရွှင်သည် လူအုပ်ကြီး၏ ဝန်းရံထားခြင်းခံရ၏။ ကောင်းထုန်ထုန်မပါဝင်ဘဲ ဒီညီအစ်မလေးနှစ်ယောက်တည်းဖြစ်သည့်တိုင်။ ကောင်းထုန်ထုန် သောကရောက်စွာဖြင့် ကြိတ်ကြိတ်တိုးနေသည့်လူအုပ်ကြီး အလယ်က ရှဲ့ကျန့်ဆီ စိတ်ဆိုးမာန်ဆိုးနှင့်ကြည့်လာပြီး ခြေဆောင့်နင်းလိုက်၏။

 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးWhere stories live. Discover now