~အပိုင်း(၇).၁။ရုပ်ဆိုးဆိုးကြီး~

562 76 2
                                    

မျက်စိတစ်မှိတ်အတွင်း ဆောင်းလလယ်သို့ ရောက်လာခဲ့ပြီး ရာသီဉတုကလည်း တစ်နေ့ထက်တစ်နေ့ အအေးပိုလာ၏။

လွန်ခဲ့သည့်ရက်အနည်းငယ်က ကောင်းအိမ်တော်ကလူတွေ ရှဲ့အိမ်တော်ဆီ လာရောက်လည်ပတ်ကြသည်။သူတို့လာလည်သည့်အခါ လန်းအမျိုးသမီးက သူတို့ကို ကြိုဆိုဖို့ ဧည့်ဆောင်ဆီသွား၏။သူတို့စောစောစီးစီးရောက်ရှိလာသောကြောင့်
ရှဲ့ကျန့်နှင့်ရှဲ့ရွှင်သည်ပင် အိပ်နေဆဲဖြစ်၏။လန်းအမျိုးသမီးက သူမတို့ကို မနှိုးခဲ့ပေ။

ရှဲ့ကျန့်နှိုးလာတော့ သူမအခန်းထဲမှာ တစ်ယောက်တည်း ဖြစ်နေ၏။ပျိုနီပန်းများဖြင့် ဇာပန်းထိုးထားသည့် အရောင့်ရင့်ရင့် ဝတ်စုံကို ယူဝတ်လိုက်ပြီး သူမလုပ်နေကျထုံးစံအတိုင်း ဆံပင်ကို သေသေသပ်သပ်ဖြီးပြီး ဆံထုံးသေးသေးပေါ်မှာ ပုတီးလုံးအနည်းငယ် သီထားသည့် ဖဲပွင့်လေးဆင်မြန်းလိုက်၏။သူမလမ်းလျှောက်သည့်အခါ တစ်ဖက်မှ တစ်ဖက်ဆီ ဝေ့ယမ်းနေသောကြောင့် သူမကို တက်ကြွပြီး ချစ်စရာကောင်းနေစေ၏။ခဏကြာသည်အထိ သူမပတ်ပတ်လည် လျောက်လှမ်းလာခဲ့လင့်ကစား ရှဲ့ရွှင်အား မတွေ့ရချေ။အစေခံ မိန်းကလေးကို တွေ့ပြီးမှသာလျှင် သူမက လန်းအမျိုးသမီးနှင့်အတူ ဧည့်ဆောင်၌ ရှိနေသည်ကို ရှဲ့ရွှင်သဘောပေါက်သွား၏။

"အားရွှင်...နင်ဘာလုပ်နေတာလဲ?"
သူမ မယုံသင်္ကာနှင့် ဧည့်ခန်းဆီ ပြေးလာ၏။

ရှဲ့ရွှင်က သစ်သားထိုင်ခုံဝိုင်းပေါ်တွင် ရှိနေခဲ့သည်။ ပန်းတစ်ခက်ပေါ်တွင် ငှက်လေးကောင်ပတ်လည်ဝိုင်းနေသည့်ပုံ မွမ်းမံထားသည့် မှန်ဘက်မျက်နှာမူနေသည့် မုန့်လုံးလေးက သူမ၏ ခေါင်းလေးခါယမ်းပြီး ပြောလာ၏။
"မမ လာကြည့်စမ်းပါ...ငါ..ဒါနဲ့လှလားမလှလားဆိုတာ"
နီးနီးကပ်ကပ်သွားကြည့်လိုက်တော့ လန်းအမျိုးသမီး၏ ပုစဉ်းရင်ကွဲပုံကျောက်စိမ်းဆံထိုးကို ယူပြီး ဆင်မြန်းထားမှန်း ရှဲ့ကျန့်တွေ့လိုက်ရ၏။

သူမကိုယ်သူမ မရယ်မိစေရန် ထိန်းချုပ်‌နေရ၏။ရှဲ့ကျန့် နေရာအနှံ့ကြည့်လိုက်တော့ ရှဲ့ရွှင်သည် ရုတ်ခြည်းပင် သူမ၏ ဆံပင်ပုံစံကို အခွေခွေရစ်ပတ်ထားသည့်ပုံသို့ ဆန်းဆန်းပြားပြား ပြောင်းလဲထား၏။သူမဆံပင်၌ဆံထိုးတစ်ချောင်းရှိတယ်...
ပြီးတော့ သူမ၏ မျက်နှာပေါက်ကတော့ ရင့်ကျက်ပုံမပေါ်သေးဘူး။သူမကအရွယ်ရောက်သူတစ်ယောက်လို ဟန်ဆောင်နေတာကြောင့် သူမလေးက ရယ်စရာရော ချစ်စရာပါ ကောင်းနေ၏။ငယ်ရွယ်သည့် မိန်းကလေးတွေအကုန်လုံးက အရွယ်ရောက်လာဖို့ စိတ်ကူးယဉ်အိက်မက်ရှိကြသတဲ့။ရှဲ့ရွှင်တောင်မှ ချွင်းချက်မဟုတ်ဘူးပေါ့။

 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးTahanan ng mga kuwento. Tumuklas ngayon