ကောင်းရွှင်နှင့်လီယွီသည် သူတို့၏ ဂုဏ်ပြုစကားကို စောစီးစွာပင် သခင်မကြီးကို အရိုသေပေးကာ ပြောထားနှင့်ကြ၏။အဆောက်အဦးအပြင်ဘက်ဆီသို့ ဦးတည်သွားရမည့်အစား အဆောက်အအုံအတွင်းဘက်၌သာ လှည့်ပတ်နေခဲ့ကြ၏။
သူတို့ အစတုန်းကတော့ စာလေ့လာဖို့အတွက်ပင်။သို့သော် သူတို့သွားရာလမ်း၌ ဦးတည်ချက်မဲ့ ပတ်ချာလည်ပြီး ပျံနေသောယင်ကောင်နှင့်တူသည့် မိန်းကလေးနှစ်ယောက်ကို ဖမ်းမိသွားလေ၏။သူမတို့က သူခိုးတွေဖြစ်မည်ဟု တွေးမိတော့ ကောင်းရွှင်က သူမတို့ကို အပြစ်ပေးဆုံးမဖို့ အရှေ့ကိုတိုးလာခဲ့သော်ငြား သူက အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ဖို့တော့ မမျှော်လင့်ထားမိချေ။သူမခေါင်းလှည့်လိုက်သည့်အချိန် အိမ်တော်တစ်ခုလုံး တောက်ပသွားတယ်လို့တောင် သူခံစား မိ၏။
သူမ၏ နူးညံ့ချောမွတ်နေသော ပါးပြင်လေးတွေက အဖြူရောင် သစ်တော်ပန်းလေးတွေလို ကြည်လင်ပြီးတောက်ပနေ၏။
ရုတ်တရက် သူတွေးမိတာက ဒဏ္ဍာရီလာနတ်သမီးပုံပြင်တွေမှာ ဖော်ပြထားသလိုပဲ သူမက အပြစ်ပြောစရာမရှိအောင်ကို အရမ်းလှတယ်မဟုတ်လား။
ကောင်းရွှင်သည် နတ်မိမယ်လေးက နှစ်လိုဖွယ်ကောင်း၍ ညို့အားပြင်းသည့် အပြုံးလေးဖြင့် သူဆီပြေးလာသည်ကို မြင်သည့်အခါ ပြုစားခံလိုက်ရသလို ဖြစ်သွား၏။သူမက သူ့ကို စကားလာပြောချင်တာဖြစ်မည်ဟု တွေးလိုက်ပြီး သူကစိတ်လှုပ်ရှားစွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ကာ အသင့်အနေထားဖြစ်ဖို့ ပြင်ဆင်ထားခဲ့၏။သို့သော် သူမှန်းထားခဲ့တာနှင့် တခြားစီပင် သူမက သူ့ကို ကျော်၍ သူ့ဘေးနားက လီယွီဆီ ပြေးသွားပြီး သူမ၏ နူးညံ့ချိုသာသည့် အသံလေးနဲ့ စကားဆိုလာလေပြီ။
"ရှောင်ယွီကိုကိုကဒီရောက်နေတာပဲ။ငါ ..တစ်ချိန်လုံးရှောင်ယွီကိုကိုကို ရှာနေတာ"သူလှည့်ကြည့်လိုက်တော့ လီယွီက မသိမသာ ခြေလှမ်းနောက်ဆုတ်နေသည်ကို ကောင်းရွှင်မြင်ခဲ့သည်။
လီယွီက မျိုသိပ်လိုက်ပြီး ခြောက်ကပ်စွာဖြင့်မေးလာ၏။
"မင်းဘာလို့ ငါ့ကို ရှာနေတာလဲ"
YOU ARE READING
မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေး
Romanceကလေးဘဝတည်းက သူတို့တွေဟာ အိမ်နီးချင်းတွေဖြစ်ကြတယ်။ ရှဲ့ကျန့်က လီယွိကို အမြဲအနိုင်ကျင့်ခဲ့တယ်။ မိန်းကလေးတစ်ယောက်လိုလှပတယ်လို့ဘယ်သူပြောခဲ့တာလဲ။ နှစ်များစွာခွဲခွာပြီးတဲ့နောက် သူတို့တွေ မြို့တော်မှာ ပြန်တွေ့ခဲ့တယ်။ ရှည်လျားတဲ့အရပ် နှင့် သူရဲကောင်းဆန်ဆန်...