~အပိုင်း(၈)~တမင်လုပ်တာ မဟုတ်ဘူး။

525 63 3
                                    

🌻မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေး🌻

လျှပ်တစ်ပြတ်အတွင်း ရှဲ့ကျန်သည် ခပ်သုတ်သုတ်ပြေးသွားပြီး အဖြစ်သည်းနေတော့သည်။  ကံကောင်းထောက်မလို့  
သူမညီမလေး ထိခိုက်ဒဏ်ရာမရခဲ့တာ။ နို့မို့ဆို
  နို့မို့ဆို  သူမ ချက်ချင်းလက်ငင်း မျက်ရည်ပေါက်ကြီးငယ်ကျအောင် ငိုပစ်မိမှာ။

သူမက ခေါင်းကိုလှည့်၍ ကောင်းထုန်ထုန်ဆီ သူမ၏ နက်စွေးနေသည့် မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ကောင်းထုန်ထုန်က သူမ ရှဲ့ရုန်ဆီ အကြည့်မရောက်သေးမီ မလုံမလဲစိတ်ဖြင့် ရှဲ့ကျန့်ကို ပြန်၍ကြည့်လာပြီး သူမရဲ့ လက်တွေကို နေမထိထိုင်မသာ ကုတ်ဖဲ့ကာ ပြောလာသည်မှာ။
"ငါ မလုပ်ဘူး....ငါ ...အဲ့ဒါကို တမင်လုပ်ခဲ့တာ မဟုတ်ဘူးနော်"(တွန်းလှဲတာကို)

ရှဲ့ရုန်က ခံစားချက်မဲ့စွာ မေးလာ၏။
"ရှဲ့ရွှင်က ကောင်းအိမ်တော်ရဲ့ ဒုတိယသခင်မလေး မကျေနပ်အောင် ဘာအမှားများ လုပ်လိုက်လို့လဲ"

သူအချိန်အံကိုက် ရောက်မလာခဲ့မိရင်

  ရှဲ့ရွှင်လေး ကျောက်ဆောင်နဲ့ တိုက်မိမှာပင်။သူမက သုံးနှစ်ကလေးပဲ ရှိသေးတာကို ။

သူမသာ တစ်ခုခုဖြစ်ခဲ့ရင် 
သူ့မိဘတွေကို သူဘယ်လိုများ ရှင်းပြရမှာပါလိမ့်?😠။ဒီလို မစ္ဆရစိတ်များပြီး ရက်ရက်စက်စက်ပြုမူတဲ့ လူတစ်ယောက်က ကလေးငယ်လေး တစ်ယောက်ကို အန္တရာယ်ပြုမှာ မလွဲမသွေပင်။

ကောင်းထုန်ထုန် ဒီလောက် အချိန်အကြာကြီးနေမှ နောက်ဆုံး သူ့ကိုတွေ့ရတယ်။ ဒီလိုပုံစံမျိုးဖြင့် လာဆုံတွေ့ရလိမ့်မည်မှန်း သူမဘယ်တော့မှ ထင်မှတ်မထားခဲ့မိချေ။

သူမက အသက်ရှစ်နစ်အရွယ်ရှိပြီမို့ အတော်လေး သိထားနှင့်နေပြီ။

စောစောက သူမပြုမူခဲ့သည်များကို စပြီး နောင်တရမိတော့သည်။သူမသာ စောစောက သူရောက်လာမည်မှန်း ကြိုသိနေခဲ့ပါလျှင် ...
သူမ ရှဲ့ရွှင်ကို ပိုပြီးကောင်းပေးမိအုံးမှာ...။

သူ့အမြင်မှာ သူမ၏ပုံရိပ်တွေ ကျမှာစိုးထိတ်လာ၍ သူမက ချက်ချင်းပင် ဆင်ခြေပေးလာတော့သည်။
"သူမက ငါ့ဆံထိုးကို ကြည့်ချင်‌ခဲ့တာ...ဒါပေမဲ့ အဲ့ဒါက ကောင်းရွှင် ငါ့ကို ပေးထားတဲ့ မွေးနေ့လက်ဆောင်မို့ ...ငါ သူမ အဲ့ဒါကို ချိုးပစ်မှာစိုးလို့ သူမကို ပေးမကြည့်ခဲ့တာ။နောက်တော့ ...သူမက ဒါကို လုပြီးပြေးချင်တာကြောင့် ငါ ...သူမကို မတော်တဆ တွန်းမိသွားတယ်။"

 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးWhere stories live. Discover now