~အပိုင်း(၇)~၂။ မတော်တဆ

609 68 4
                                    

အထိတ်တလန့်ဖြင့် ရှဲ့ကျန့်က ကျိုးပဲနေသော အပိုင်းအစနှစ်ခုကို ပိုးသားအင်္ကျီတစ်ထည်ဖြင့် ဝှက်ထားလိုက်ပြီး သူမရင်ဘတ်ကို ဆုပ်ကိုင်၍ အခန်းအပြင်သို့ ခိုးကြောင့်ခိုးဝှက်ဖြင့် ထွက်လာ၏။

သူမက ဆိုတယ်။
"ဒီလို လုံးဝဖြစ်မှာ မဟုတ်ပါဘူး...ဒီမှာ ငါတစ်ယောက်လုံး ရှိနေတာပဲ"(အစောပိုင်းမှာတုန်းက ရှဲ့ရွှင်က အမေသူမကိုရိုက်တော့မှာလားမေးလို့ပြန်ဖြေတာပါ)

သူမတို့ တံခါးပိတ်ထားသောကြောင့် ရွှမ်းယွီနှင့်ရွှမ်းယန်တို့ အထဲသို့ ဝင်လာ၍ မရချေ။ နောက်ဆုံးတော့ မမလေးနှစ်ယောက် အပြင်ထွက်လာသည့်အခါမှသာ သူမတို့နှစ်ဦးစလုံး စိတ်သက်သာရာရသွားတော့ပြီး သက်မတစ်ချက်ချနိုင်တော့သည်။
အစေခံမိန်းကလေးတွေက သူတို့(ရှဲ့ရွှင်နဲ့ရှဲ့ကျန့်)အခန်းထဲမှာ ဘာလုပ်နေကြတယ်ဆိုတာ စူးစမ်းချင်ခဲ့ပေသိ သူတို့ ပင်မဧည့်ဆောင်ဆီ သူမလေးတို့ကို ခေါ်ဆောင်သွားဖို့ အလျင်လိုနေ‌သည်မို့ သူတို့မေးမြန်ရန် အချိန်မရတော့ပေ။

သခင်မကြီးကောင်းနှင့် အခြား အမျိုးသမီး အနည်းငယ်အပြင် ကောင်းရွှင်နဲ့ကောင်းထုန်ထုန်တို့နှင့်အတူ အခြားကလေးငယ်များကပါ ပင်မဧည့်ဆောင်တွင်း၌ ရှိနေကြသည်။

ကောင်းထုန်ထုန်သည် ယနေ့အတွက် အထူးတလည် ဝတ်စားထားသည်။သူမက အရမ်းသစ်လွင်တောက်ပနေသော ဝတ်စုံတစ်စုံကိုဝတ်ဆင်ထားပြီး သူမမျက်နှာပေါ်မှာလည်း ပေါင်ဒါပါးပါးလေးပုတ်ထားသေးသည်။သူမက လှပနေခဲ့သော်လည်း အသက်ရှစ်နှစ်အရွက်သာဖြစ်သေးသော သူမအတွက် သူမ၏ သွင်ပြင်က သူမအသက်နဲ့တော့ သဟဇာတဖြစ်လို့မနေခဲ့ချေ။

သူမဆံပင်ကို ဆန်းပြားသည့်ဆံပင်ပုံစံ ထုံးဖွဲထားပြီး ဆံထုံး‌၌ ပုစဉ်းရင်ကွဲပုံ ကျောက်စိမ်းဆံထိုးတစ်ခုလည်းထိုးထား၏။ဆံထိုးက တကယ့်ကို လန်းအမျိုးသမီးပိုင်တဲ့တစ်ခုနှင့် အတော်လေးတူနေခဲ့သည်။
(ကောင်းထုန်ထုန်ရဲ့ဆံပင်ပုံစံပါ)

သူမဆံပင်ကို ဆန်းပြားသည့်ဆံပင်ပုံစံ ထုံးဖွဲထားပြီး ဆံထုံး‌၌ ပုစဉ်းရင်ကွဲပုံ ကျောက်စိမ်းဆံထိုးတစ်ခုလည်းထိုးထား၏။ဆံထိုးက တကယ့်ကို လန်းအမျိုးသမီးပိုင်တဲ့တစ်ခုနှင့် အတော်လေးတူနေခဲ့သည်။(ကောင်းထုန်ထုန်ရဲ့ဆံပင်ပုံစံပါ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးWhere stories live. Discover now