Chapter (35)

114 31 2
                                    

အပိုင်း_(၃၅)


လုကျီးရှန်းသည် ချင်းရွှီခန်းမရှေ့မျက်နှာစာသို့ လျှောက်လာပြီး ရပ်လိုက်သည်။ အနောက်မှာရှိနေသော

ယွိယမ်နဂါးကို " မင်းဘာသာမင်း သွားကစားတော့"

နဂါးစိမ်းသည် ခေါင်းညိတ်ကာ အဝေးသို့ တွားသွားထွက်ခွာသွားသည်။ ထို့နောက် ကောင်းကင်ယံတွင် ပျံသန်းလျက် တိမ်များအကြား၌ ပျောက်ကွယ်သွားသည်။

ရှီးဖန်သည် မျက်နှာပေါ်တွင် အပြုံးဆင်မြန်းလျက် လုကျီးရှန်းနှင့်တကွ ကျင့်ကြံသူဝတ်ရုံများ ဝတ်ဆင်ထားသည့် အခြားငယ်ရွယ်သော တပည့်၁၆ယောက်ကို ခန်းမထဲသို့ ကြိုဆိုသည်။

လုကျီးရှန်း အနောက်၌ရှိသော တပည့်ကိုကြည့်ကာ ပြုံးပြလျက် " မွေးရာပါ ပါရမီ၊ များစွာသောအတွေ့အကြုံတွေ၊ ဝမ်းတွင်းပါ ထူးခြားတဲ့အရည်အချင်းတွေရှိတဲ့အပြင် ခံ့ညားပြီး ဆွဲဆောင်မှုရှိတာပဲ။ မင်းက အကြီးအကဲလုရဲ့ အငယ်ဆုံးသား လုယွင်ကျိုလား? ငါကြားတာတော့ ၁၈နှစ်ပြည့်တာနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့တယ်ဆို။ အရွယ်နဲ့မလိုက်အောင် ထူးချွန်ပြောင်မြောက်သူပဲ"

တပည့်လေးက ရှေ့သို့ ခြေလှမ်းလှမ်းကာ "ဂိုဏ်းခေါင်းဆောင်ရှီး မင်္ဂလာပါ"

လုကျီးရှန်းက " ဘာလို့လဲဆိုတော့ သူ့မှာ ထင်းဝိညာဉ်စွမ်းအင်အရင်းမြစ်ရှိတယ်။ သူက တော်တော်လေးအသုံးဝင်လို့ ငါနဲ့အတူ လောကကြီးကိုကြည့်ပြီး အတွေ့အကြုံယူဖို့ ထွက်လာတာ"

ရှီးဖန်က ပြုံးလျက် " ငယ်ငယ်လေးထဲက အရာများစွာကို မြင်ဖူး၊ကြားဖူးရမယ်။ သူ့မှာ ကျင့်ကြံသူတစ်ယောက်ရဲ့ အပြုအမူသဘောထားတွေရှိတော့ သာမာန်တပည့်တွေနဲ့ အရမ်းကို ကွဲပြားတာပေါ့"

ထို့နောက် ကျူးကျင်ကို တိုးတိုးလေးပြောသည် "အကြီးအကဲလုနဲ့ ကျင့်ကြံသူအဖွဲ့ကို အနားယူဖို့ လိုက်ပို့လိုက်"

လုကျီးရှန်းက "မလိုပါဘူး။ အရင်ဆုံး ကျင့်ကြံသူ ကျောင်နဲ့ တပည့်တွေကို ကြည့်ဖို့သွားလိုက်ဦးမယ်" ဟုဖြည်းဖြည်းချင်းပြောသည်။

Who Dares Slander My Senior Brother [မြန်မာဘာသာပြန်]Where stories live. Discover now