Chapter (31.2)

163 19 1
                                    

အပိုင်း(၃၁.၂)

ဟွေ့ရှီတောင်ထိပ်၏ တပည့်ငယ်လေးများ တစ်ကြိမ်တစ်ဖန် ပျော်ရွှင်ကြရပြန်သည်။

ကျင့်ကြံသူဂိုဏ်းတူဒေါ် လေးလည်း အပြုံးဆင်မြန်းလျက် အသာခေါင်းငြိမ့်ပြပြီး စင်မြင့်ထက်သို့ အေးဆေးတည်ငြိမ်စွာဖြင့် ပျံတက်သွားလေသည်။

သူမပြီးနောက် ရှီးကျူးတောင်ထိပ်၏ ဆရာသခင် ဟူသည်လည်း ဟဲလင်နှင့်ယှဥ်ပြိုင်တိုက်ခိုက်ပြီး အရေးနိမ့်သွားခဲ့သည်။ဒဏ်ရာဒဏ်ချက် အနည်းငယ်ကိုတောင်မှ ရရှိသွားခဲ့သေးသည်။ဟဲလင်၌ စုစုပေါင်း ကျောက်တုံးအရေအတွက် ဆယ့်ငါးတုံးခန့်မျှ ပိုင်ဆိုင်ထားနှင့်ပြီ ဖြစ်သည်။

လျိုချန်းမို အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့ပြီး သူ့ပါးစပ်အား မထိန်းနိုင်ဘဲ ပြောလိုက်မိသည် , " ဆယ့်ငါးခု ဒီလောက်ဆို ထိပ်ဆုံးအယောက် လေးဆယ်ထဲ အေးဆေး၀င်နိုင်ပြီ ......"

ကွေ့ရှင်းပီသည်လည်း " ဂုဏ်ယူမစောနဲ့အုံး ။ ဆရာတူ အစ်ကိုနှစ်က တိုက်ကွက်သုံးခုကို တားဆီးနိုင်ခဲ့ပေမဲ့ ရှေ့မှာ ရွှေရောင်အူတိုင်အဆင့် ရှိတဲ့သူတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမယ် .."

ထိုအချိန်၌ အားပြင်းသော ဝိဥာဥ်စွမ်းအင်တစ်ခု လေထုအတွင်း၌ ပေါ် ပေါက်လာခဲ့သည်။အညိုဖျော့ရောင် ၀တ်ရုံစ တဖြတ်ဖြတ်လူးခါနေရင်း သက်လတ်ပိုင်း အမျိုးသားတစ်ဦး သိမ်မွေ့စွာ ဆင်းသက်လာခဲ့သည်။ အကြင်သူသည် ကြီးကျယ်မြင့်မြတ်သော စွမ်းအားအငွေ့အသက်များနှင့် ပညာရှိတစ်ယောက်ကဲ့သို့ ရုပ်ဆင်းအင်္ဂါမျိုး ရှိသော လူတစ်ယောက်ဖြစ်ပေသည်။သူ၏ မျက်လုံးများမှာ စူးရှထက်မြက်လှသည်။

ကွေ့ရှင်းပီ တိတ်တဆိတ် ပြောလိုက်သည်မှာ " သူက ထျန်းဟမ်တောင်ထိပ် ဆရာသခင် လု မလား.."

လုချန်းချင်၏ အသက်အား မည်သူတစ်ဦးတစ်ယောက်မှ မသိပါဘဲ ချင်းရွှီဓါးဂိုဏ်း၏ ရွှေ‌ရောင်အူတိုင် အဆင့်ကျင့်ကြံသူ အတော်ဆုံးငါးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်းသာ သိထားကြသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ချင်းရွှီဓါးဂိုဏ်းအား စတင်တည်ထောင်ခဲ့သော ကျင့်ကြံသူ ခုမူမှာ ထိုစဥ်က ထျန်းဟမ်‌တောင်ထိပ်သခင် ဖြစ်ခဲ့သည်။သူ၏ ဂုဏ်အရောင်အဝါသည် ဂိုဏ်းတစ်ခုလုံး၏ အရောင်အဝါပင် ဖြစ်သည်။ထျန်းဟမ်တောင်ထိပ်မှာ ဂုဏ်သတင်းကျဆင်းမှု မရှိပါဘဲ တလက်လက်နှင့် ထင်ပေါ် ကျော်ကြားနေခဲ့သည်။ရွှေရောင်အူတိုင်အဆင့် ကျင့်ကြံသူလောက၌ အဆင့်တစ်ကျင့်ကြံသူမှာ ရှီဖန်ဖြစ်ပြီး ဒုတိယမှာ လုချန်းချင် ဖြစ်သည်။

Who Dares Slander My Senior Brother [မြန်မာဘာသာပြန်]Where stories live. Discover now