Chapter (31.1)

107 19 1
                                    

အပိုင်း(၃၁.၁)

အနက်‌ရောင်၀တ်စုံ ၀တ်ဆင်ထားသော အမျိုးသားသည် စင်မြင့်ထက်သို့ပျံတက်သွားခဲ့သည်။အသက်နှစ်ဆယ့်

ခုနစ်နှစ်မျှ ရှိပြီး အေးစက်စူးရှသော မျက်၀န်းများထက်၌ သေးသွယ်ရှည်မျောသော မျက်ခုံးတန်းများ သွယ်တန်း

လျက်ရှိသည်။သူ့ ဟန်ပန်အမူအရာများမှာတော့ မာနအငွေ့အသက်များက ထင်ဟပ်လျက် ရှိပေသည်။သူ မျက်လွှာချ၍ ဟဲလင်အား အထက်စီးဆန်ဆန် ကြည့်ပြီး ပြောလိုက်သည်မှာ , " ငါ လေပြင်းလေးခု ကျင့်စဥ်နဲ့ ပတ်သက်ပြီး အကြံပြုစရာ ရှိလို့ လာခဲ့တာ"

လိရှူး တီးတိုးပြောလိုက်သည်မှာ , " ပထမတစ်ယောက်က ပါးကျန်းတောင်ထိပ် ဆရာသခင် ရှောင်ဂျွင်ပဲ!"

ဂုကျင်းပင် အော်ပြောလိုက်သည်မှာ, " အသက် ၁၉နှစ်အရွယ်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ပြီးစီးသွားတဲ့ တစ်ယောက်မလား?? "

"ဟုတ်တယ်, အဲ့တာ သူပဲ "

အသက်၁၉ နှစ်မှာပင် အခြေခံတည်ဆောက်ခြင်း ပြီးမြောက်သွားသော ရှောင်ဂျွင်ဖြစ်ပေသည်။လက်ရှိ အသက်မှာတော့ မည်သူမျှမသိသေးပေ။သူ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ရောက်နှင့်ပြီ ဟူသော အချက်ကိုသာ သိကြပေသည်။

ပါးကျန်းတောင်ထိပ်၌ ရှိသောတပည့်အများစုမှာ ကျင့်ကြံမှုမိသားစုမှ မွေးဖွား ဆင်းသက်လာကြသော ကလေးများ ဖြစ်ကြပေသည်။ရှောင်ဂျွင်မှာ ချွင်းချက်မရှိသူ ဖြစ်ရကာ သူ၏ နဂိုမူလ အမူအကျင့် မှာလည်း

ခန့်မှန်းရန်ခက်ခဲသည်ဖြစ်ရာ တပည့်အများစုမှာ သူ့အား ကြောက်လန့်တုန်လှုပ် ကြလေသည်။

ဝမ်ဂျင်းသည် တိုးတိုးတိတ်တိတ် ရှောင်ဂျွင်၏ ကိုယ်ကျင့်တရားတွက်ချက်မှုကိုကြည့်လိုက်လေသည်။ အစိမ်းရောင်အကွက်တစ်ခု ပေါ် လာလေသည်။

[ဇာတ်ကောင်တန်ဖိုး : အနီးအနားရှိ လူငယ်တစ်ဦး, အဆုံးမဲ့ အကန့်အသတ်မရှိသော အမှောင်စွမ်းအင်ထု ရှိနေတယ်]

၀မ်ဂျင်း အာရုံထွေပြားစွာနှင့် မသိမသာ ကြည့်လိုက်သည်။

Who Dares Slander My Senior Brother [မြန်မာဘာသာပြန်]Where stories live. Discover now