Chapter (32.1)

130 25 1
                                    

အပိုင်း_(၃၂.၁)

ဝမ့်ရန်မူသည် စင်မြင့်ထက်၌ရှိ​နေ​​သော ဂျွင်ရန်ကျီးအား ကြည့်လိုက်သည်။သူ့မျက်နှာ​ထားမှာတော့ မည်း​မှောင်​နေသည်။

လွန်ခဲ့​သောတစ်နှစ်ခန့်ကတည်းက ချင်းရွှီဓါးဂိုဏ်းအတွင်းရှိ လူများသည် သူတို့နှစ်​ယောက်အား မကြာခဏ နှိုင်းယှဥ်ကြသည်။မည်သူစတင်ခဲ့မှန်း ​မိန့်ဆိုခဲ့မှန်း ရှင်းရှင်းလင်းလင်း မသိကြ​သော်လည်း တဖြည်းဖြည်းနှင့် စည်းမျဥ်းဥပ​ဒေတစ်ခုလို ဖြစ်လာခဲ့သည်။

နှစ်ဦးစလုံး ရိုးရိုးသားသား အမျိုးကောင်းသားများ ဖြစ်ကြပြီး ဝမ့်ရန်မူတစ်​ယောက် ကြိုးစားအားထုတ်သည်မှ

အပ ဂျွင်ရန်ကျီး၏ စိတ်သ​ဘောထားမှာ​တော့ ဟန်​ဆောင်မှုမရှိ ​အေး​ဆေးတည်ငြိမ်လှ​ပေသည်။တစ်နည်း

အားဖြင့် ဝမ့်ရန်မူသည် ​ရေ​မွှေး​ရောစပ်ထား​သော ​ရေနှင့်သဏ္ဍန်တူပြီး ဂျွင်ရန်ကျီးမှာ​တော့ အ​ရောင်အနံ့မရှိ​သော ​ရေကဲ့သို့ ဖြစ်​လေသည်။​ရေစစ်ရိုးမှန်ပါက အနံ့မရှိရကား အတုသည်သာလျှင် ရနံ့များ ​ပေါကြွယ်ဝလှသည်။

ထိုအရာ​ကြောင့်ပင် ဝမ့်ရန်မူ ​ဒေါသတကြီးဖြစ်​နေခြင်း ဖြစ်​ပေသည်။

ဘယ်လိုလူကများ ဒီအချက်ကို ​ရှာ​ဖွေတူးဆွ​နေကြတာလဲ?

ထိုအချက်မှာ စစ်မှန်သည်ဖြစ်ရာ ဂျွင်ရန်ကျီးအနီးအနားမှ သိမ့်​မွေ့နူးညံ့​သော အလင်းတန်းများသည် သူနှင့်အ​တော် ဆင်တူ​သော်လည်း သူကိုယ်တိုင်ထက်ပင် ပို၍တည်ငြိမ်​သေးသည်။သူကိုယ်တိုင်က သိမ်​မွေ့သည့်ပုံ မ​ပေါ်ချင်​သော​ကြောင့် ထိုအချက်အား စိတ်အလိုမကျ ဖြစ်​​နေတတ်သည်။

.....လူများအား သူတို့​နောက်ထပ် သည်းမခံနိုင်​တော့သည့် အတိုင်းအတာအထိ အနိုင်ကျင့်ကြသည်။

ဒီလူက သူ့ကို တစ်ခုခုလွ​တ်​နေသလို ပုံမှန်မဟုတ်​သော ခံစားချက်မျိုး​ပေးနိုင်ပြီး သူ၏​ကြောက်စိတ်များကို ​မေ့​လျော့​စေသည်။

ထိုကဲ့သို့​သော သံသယဖြစ်ဖွယ် အ​ခြေအ​နေမျိုး စိတ်ခံစားမှုမျိုး ဖြစ်​ပေသည်။အရင်အကြိမ်တုန်းကလည်း သူ ​​ပြောပြဖို့ကြိုးစားခဲ့​ပေမဲ့ ထိုအစား "မင်းက မနာလိုဖြစ်ပြီး သူ့ကိုအနိုင်ကျင့်​နေတာပဲ။ ငါတို့ နားလည်ပါတယ် ( ပြောသူ - သူ့၏ ဆရာတူညီ​လေးများမှ )" ဟူ၍သာ တုန့်ပြန်ကြသည်။ သူတို့အားလုံး အလုံးစုံ နားမလည်ပါပဲ သူ့အား သနားစရာစိတ်ပျက်ဖွယ် အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။

Who Dares Slander My Senior Brother [မြန်မာဘာသာပြန်]Where stories live. Discover now