Chapter (39)

147 33 2
                                    

Unicode~

အပိုင်း (၃၉)


ဂျွင်ရန်ကျီး၏ မျက်နှာအသားအရေမှာ ရေခဲကဲ့သို့ အေးစက်နေပြီး မြေပြင်ပေါ်မှ ထရပ်ကာ ရှီးဖန်ကို ကြည့်လိုက်သည်။

သူ ဘာမှမပြောသော်လည်း ဘယ်သူမှ သူ့ကိုထပ်ပြီး အထင်သေးရဲတော့မှာ မဟုတ်ပေ။

လုကျီးရှန်သည် သူ့လက်ထဲတွင်ရှိသော ရှေးဟောင်းဗလာစာလိပ်ကို သိမ်းပြီးနောက် ဖြည်းဖြည်းချင်း ပြောသည်

" မင်း အခုလေးတင် အမွေရလိုက်တာ ဘယ်လိုကျင့်စဉ်လဲဆိုတာကို သိပြီလား?"

ဂျွင်ရန်ကျီးလည်း မနှေးမမြန်အရှိန်ဖြင့် ပြန်ဖြေသည်" စွမ်းအားရှင်က အကြောင်းအကုန်လုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်ပါတယ်"

လုကျီးရှန်က " ကောင်းတယ်၊အရမ်းကောင်းတယ်..."

သူသည် ဂျွင်ရန်ကျီးကို ကြည့်ပြီး တည်ကြည်လေးစားစွာဖြင့် " အောက်လမ်းသိုင်းပညာရှင်က လတ်တလော ကျင့်ကြံခြင်းလမ်းကြောင်းကို နှောင့်ယှက်တားဆီးနေတယ်။ အခုအချိန်မှာ ချင်းရွှီးဓားဂိုဏ်းက လူ၇၀ကျော်နဲ့ ဂူဂျင်ဂိုဏ်းက လူ၁၆ယောက်ရဲ့အသက်တွေဟာ မင်းအပေါ် မူတည်နေပြီ"

အနောက်ခန်းမတစ်ခုလုံး တိတ်ဆိတ်ကာ သူတို့သည် ဂျွင်ရန်ကျီး၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။

ဂျွင်ရန်ကျီးသည် ရှီးဖန်နှင့် တောင်ထိပ်ဆရာတို့ကို လှည့်ကြည့်ရင်း နှုတ်ခမ်းတစ်စုံကို ခဏတာ တင်းတင်းကျပ်ကျပ် ဖိထားပြီး နောက်ဆုံး၌ ပြန်ဖြေသည် " ရက်အနည်းငယ်ကပဲ ဂိုဏ်းခေါင်းဆောင်နဲ့ တောင်ထိပ်ဆရာတွေက ကျွန်တော့်ကို အောက်လမ်းသိုင်းပညာရှင်ဆိုပြီး သံသယဝင်နေတာ မဟုတ်ဘူးလား? ဒါပေမဲ့ အခုလည်းကျရော ထျန်းဟမ်တောင်ကတပည့်တွေရဲ့ အသက်ကို ကျွန်တော့်အပေါ် ပုံအပ်ထားတာ အဆင်ပြေတယ်ပေါ့"

ရှီးဖန်၏ မျက်နှာထားမှာ ပြောင်းလဲသွားခြင်း မရှိပေ။ စိတ်မသန့်ခြင်း အရိပ်အယောင် နည်းနည်းလေးမျှ မရှိဘဲ ရှင်းလင်း သန့်စင်ကာ " မင်းမှာ အရမ်းအဆင့်အတန်းမြင့်တဲ့ ပါရမီရှိတော့ ဒီလေးလံတဲ့ တာဝန်ကို ပုခုံးထမ်းရမယ်။ ချင်းရွှီဓားဂိုဏ်းရဲ့ အနာဂတ်ရှေ့ရေးကို သုံးသပ်ဆင်ခြင် စဉ်းစားထားတယ်။ မင်းကို မယုံသင်္ကာဖြစ်တာက ငါ့ရဲ့တာဝန်တွေထဲက တစ်ခုပဲ။ အရမ်းကို ဉာဏ်ကောင်းတဲ့မင်းက နားမလည်ဘူး ဆိုတာတော့ မဖြစ်သင့်ဘူး"

Who Dares Slander My Senior Brother [မြန်မာဘာသာပြန်]Where stories live. Discover now