Chapter (38)

105 28 2
                                    

Unicode~

အပိုင်း ၃၈


ကျူးကျင်အကြည့်သည် ဂျွင်ရန်ကျီးအပေါ် လွမ်းမိုးထားသည်။ သူ၏အသံနေ အသံထား၊ ပြောပုံဆိုပုံနှင့် အပြုအမူတို့သည် ပုံမှန်နှင့်ခြားနားမှုမရှိဘဲ " ဒီဘက်ကိုလိုက်ခဲ့"

ဝမ်ဂျင်းသည် ဂျွင်ရန်ကျီးကို ကြည့်နေပြီး လေးစားသဘောကျမှုဖြင့် ငေးမောကြည့်နေခြင်းကို ဂရုတစိုက် ပြန်ရုတ်သိမ်းလိုက်သည်။

ဂျွင်ရန်ကျီး၏အတွေးအားလုံးသည် (ဆေးမြစ်တစ်ရာ ဝိညာဉ်တစ်ထောင် ကျင့်စဉ်)အပေါ်တွင် ရှိနေသောကြောင့် သတိထားမိဟန် မပေါ်ပေ။ သူသည် ဝမ်ဂျင်းကို အရေးတယူ စာနာမှုရှိသော စကားလုံးအချို့ ပြောသည်။ ထို့နောက် သူ၏ဝတ်ရုံများ တဖျပ်ဖျပ်လှုပ်ခတ်ရင်း ကျူးကျင်နှင့်အတူ ယွိရုန်တောင်ထိပ်သို့ ထွက်ခွာသွားသည်။

ကျူးကျင်သည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အသက်မပါသော မျက်နှာထားဖြင့် မေးသည်

" အစောတုန်းက ဟုန်ရှိုတောင်ထိပ်တပည့်တွေ မင်းကို အခက်တွေ့အောင် လုပ်သေးလား?"

" ဆရာတူအစ်ကိုကျူးရဲ့ စိတ်ပူပေးမှုကို ကျေးဇူးတင်ပါတယ်။ သူတို့ အခက်အခဲဖြစ်အောင် မလုပ်ပါဘူး"

" ကောင်းတယ်"

ဂိုဏ်းခေါင်းဆောင်ရှီး၏ အကြီးဆုံးတပည့်အနေနှင့် ကျူးကျင် နေ့စဉ်ပြောဆိုသည့်အကြောင်းအရာကို စကားလုံးဖြင့် အကျဉ်းချုံးလျှင် " အလွန်အမင်း သတိရှိပါ"။ သူသည် ရေနှင့် မြေကြီး နှစ်ခွဝိညာဉ်စွမ်းအင် အရင်းမြစ် ပိုင်ဆိုင်သည်။ သူ့အရည်အချင်းသည် အတန်ငယ် အထက်တန်းတစ်ဝက်၏ အလယ်၌ရှိသည်။ ကံကောင်းစွာဖြင့် သူသည် ဂိုဏ်းခေါင်းဆောင်ရှီး၏ စေ့စပ်သေချာသော သင်ကြားပို့ချမှုနှင့် အကြံဉာဏ်များ ရရှိခဲ့ပြီး အသက်ခြောက်ဆယ်မတိုင်ခင် အမြင်အာရုံတွင် ရွှေရောင်ဗဟိုအဆင့်ဖြင့် အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ကို ရောက်ရှိခဲ့သည်။ ယွိရုန်တောင်ထိပ်တွင် တပည့်ပေါင်း တစ်ရာ့လေးဆယ်ရှိပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော တပည့်နှစ်ဆယ်က တောင်ကိုစောင့်ရှောက်နေသောကြောင့် ကျူးကျင်သည် ယွိရုန်တောင်၏ သာမာန်ကိစ္စများကို စိတ်ပူစရာ မလိုပေ။ ဂိုဏ်းခေါင်းဆောင်ရှီး၏ ဘေးနား၌ သူသည် ပေါ့ပေါ့ဆဆ နေနိုင်သည်။

Who Dares Slander My Senior Brother [မြန်မာဘာသာပြန်]Where stories live. Discover now