Zawgyi
'Xiao Zhan! Xiao Zhan! ငနာလေး ထတော့ရောက်ပြီ'
'အင် ဟင်'
Xiao Zhan တစ်ယောက် ကျန်းချန် ရဲ့အော်ဟစ်နှိုးသံကြောင့် ကားပေါ်မှာ အိပ်ပျော်နေရာကနေလန့်နှိုးလာရတယ်။ အိပ်မှုန်စုန်ဝါး ပါတ်ဝန်းကျင်ကို ကြည့်တော့ ညနေတောင်စောင်းနေပြီ။ နောက်ဆုံးကားဆိုက်ချိန်မို့ လူသိပ်မရှိတော့တဲ့ ကားဝန်းထဲမှာ ဆိုင်တစ်ချို့ဟာလည်း ပိတ်နေပြီဖြစ်တယ်။ ညနေဆည်းဆာ နဲ့ ကားဝန်းကျယ်ကြီးက တစ်မျိုးလေးတော့လှနေပါတယ်။
သူတို့ နှစ်ယောက်လုံးက တက္ကသိုလ်က ကျောင်းဆင်းခါက engineer လေးတွေဖြစ်တယ်။ ကျောင်းပြီးပြီးချင်း ဒေသဖွံ့ဖြိုးရေး project အတွက် နည်းပညာအကူ ရာထူးလစ်လပ်နေရာတွေ ပေါပေါလောလော ခေါ်ယူလာတာကြောင့် နှစ်ယောက်လုံးအလုပ်လုပ်ရဖို့ ဖြစ်လာတယ်။
Xiao Zhan ရဲ့ပါပါးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အကြီးတန်း အင်ဂျင်နီယာ ကြီးဖြစ်တယ်။
သူတို့မိသားစုရဲ့ အငယ်ဆုံးလည်းဖြစ်တဲ့ တစ်ဦးတည်းသော ယောက်ကျားလေးလည်းဖြစ်တဲ့ သားငယ်လေး ကို လူငယ်ပီပီ ကျေးရွာဖွံ့ဖြိုးရေး ကိုအားတက်သရော လုပ်စေချင်လို့ အလုပ်ခေါ်စာမြင်ကတည်းက အတင်းလျှောက်ခိုင်းတာဖြစ်တယ်။
ပါပါး ဆန္ဒကို မလွန်ဆန်နိုင်တဲ့ Xiao Zhan လေးဟာ ခုဆို အလုပ်လုပ်ရမယ့်မြို့ငယ်လေးကို ထွက်လာရပြီဖြစ်တယ်။ ဘယ်သွားသွားမခွဲအတူ မတည့်အတူနေ သူငယ်ချင်းလေးဟာလည်း Xiao Zhan နဲ့နှစ်ကိုယ့်တစ်စိတ် အလုပ်လုပ်ဖို့ ထွက်လာကြတယ်။
အမှန်တော့ ဒီအလုပ်ကိုသူမလုပ်ချင်ဘူး။ ကျောင်းတက်ကတည်းက game ဂျိုးလေးဖြစ်တဲ့ Xiao Zhan ဟာ အချိန်ပြည့်ထိုင်ပြီး လှုပ်ရှားသွားလာခဲ့တာတောင် မဟုတ်ဘူး။ ခုလို တော တောင်ထဲသွားရမှာ သူဘယ်လို လုပ်ပါ့မလဲ။ အရမ်းပျင်းတယ်။
လက်ဆယ်ချောင်း တစ်ချောင်းမချိုးပဲ ဘွဲ့ယူတဲ့ထိ ကြီးပျင်းလာရတာ။ ဒီလိုနေရာမျိုးမှာ အဆင်ပြေပါ့မလားပဲ။
'ကျန်းချန် ဘယ်လို ဆက်သွားမလဲ လူတောင်မရှိတော့ဘူး'
'ဝန်းအပြင် ထွက်ကြည့်ရအောင် ပါးစပ်ပါရင် ရွာရောက်တယ် ဟေ့ကောင်'
YOU ARE READING
Till The End
FanfictionYizhan I do not own every single photo in this fiction. If there is something wrong, please forgive me Final update June-6-2021