11 (*-.*)

3.1K 470 7
                                    

Zawgyi

မနက်သုံးနာရီလောက်ကြီး ဖုန်းသံတွေဆူညံနေလို့ ကျန်းချန် မနိုးခင် အမြန်ကိုင်လိုက်ရတယ်။ ကျန်းချန်က အိပ်ပျော်နေပေမယ့် သူက မအိပ်ရသေးတာဖြစ်တယ်။ မအိပ်ရသေးတာ ဆိုတာထက် အိပ်မပျော်တာ။ ရုံးကနေ hard disk သွားယူလာပြီးကတည်းက အလုပ်ထဲလည်း အာရုံမစိုက်နိုင် အိပ်လည်းမပျော်နိုင်ဖြစ်နေတာ။

ဖုန်း screen ပေါ်မှာ ပေါ်နေတာက 'Leader Wang' number. လက်က အလျင်အမြန် answer ခလုတ်ကို နှိပ်လိုက်ပြီး ဝရန်တာကို ဖြည်းဖြည်းလေး ထွက်လာခဲ့ရတယ်။

'ဟယ်လို Leader'

''''' အိပ်ပျော်နေတာလား ''''''

'ဟုတ်'

'"" ခနလောက် ဆင်းလာခဲ့ပါလား ကိုယ်ခြံပြင်မှာ """

Xiao Zhan ငုံ့ကြည့်တော့ တစ်ကယ်ပဲ Leader က ခြံရှေ့ရောက်နေပါတယ်။ Xiao Zhan ကိုလည်း မော့ကာကြည့်နေတယ်။

'ဟိုလေ ဘာကိစ္စ ရှိလို့လဲ Leader မနက်မှ…'

'"'''""မင်းမလာမချင်းစောင့်နေမယ်"""

သူ့စကားကို ဖြတ်ပြောပြီး ဖုန်းချသွားတာဖြစ်တယ်။ Xiao Zhan လည်း ခနလောက်တွေးပြီးမှ ထွက်တွေ့ဖို့ပဲတွေးလိုက်တယ်။

ညဝတ်အင်္ကျီလက်တိုလေး နဲ့ ဘောင်းဘီတိုလေး ဝတ်ထားမိလို့ အပေါ်ထပ် sweater အပါးလေး တစ်ထည်ထပ်ဝတ်ကာ ခြံပြင်ထွက်ဖို့ လုပ်ရပါတယ်။

ခြံတံခါးက စထွက်ကတည်း Leader က သူ့ခြေလှမ်း တိုင်းကိုလိုက်ကြည့်နေတာမို့ ခြေလှမ်းတွေတောင် မဝံ့မရဲဖြစ်ရပါတယ်။

လမ်းမီးတိုင်တွေရှိပေမယ့် တစ်တိုင်နဲ့ တစ်တိုင်ဝေးတော့ သူတို့ရပ်နေတဲ့နေရာက အနည်းငယ်မှောင်ပါတယ်။ ဒါပေမယ့် ဖြာကျနေတဲ့လရောင်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲမြင်နေရတယ်။

Xiao Zhan ရောက်လို့ သွားပြီး အချိန်အတော်ကြာတဲ့ အထိ Leader က စကားမဆိုသေးပဲ သူ့မျက်နှာကိုပဲ ငေးမောနေတယ်။

'Leader ဘာပြောမလို့လဲ'

Xiao Zhan ဘက်ကပဲ စကား စလိုက်ပါတယ်။ ဒီအတိုင်းရပ်နေရတာ တော်တော်ကြာနေပြီ။

သူမေးလိုက်တော့ Leader က ခေါင်းအနည်းငယ် ငုံ့သွားပြီး နှုတ်ခမ်းတွေကို ဖိပိတ်ကာ သက်ပြင်းချတယ်။

Till The EndDonde viven las historias. Descúbrelo ahora