5 (•*-.*•) <3

3.4K 514 3
                                    

Zawgyi

အိပ်ခါနီးတော့ Xiao Zhan ကရေချိုးချင်လာပြန်ပါ တယ်  ညနေက ရေချိုးတုန်ကတောင် တောစပ်က စမ်းအိုင်ထဲမှာ ချိုးရတာ။ ရွာက လူတွေက မြစ်ရေပဲချိုးတာဖြစ်ပြီး ရွာသူကြီးက ဧည့်သည်တွေ မချိုးနိုင်မှန်းသိလို့ စမ်းအိုင်ကိုလိုက်ပို့ပေးတာဖြစ်တယ်။ ခု ဆွေးနွေးပြီးတော့ ကိုယ်တွေ ယားယံကာ ထပ်ပြီးချိုးချင်တယ်။ ရေမချိုးရ ရင် အိပ်ပျော်မှာ မဟုတ် တော့ဘူး။

ရှင်းချန်က အိပ်ပျော်နေပြီ။ ခုချိန်ကြီး တောစပ်ကို သွားဖို့က မှောင်မဲနေတာဖြစ်တယ်။ ပြီးတော့ သရဲလည်းကြောက်တယ်။ သူတော့ ဒုက္ခပါပဲ။ ကျန်းချန်ပြန်လာမလား မသိဘူး။

'ဘာလုပ်နေတာလဲ'

'ဗျာ… ဟို ရေ ရေချိုးချင်လို့ Leader'

'ညနေက ချိုးထားတယ်လေ ထပ်ချိုးရင် အအေးပတ်လိမ့်မယ်'

အအေးပတ်တာက နောက် ခုက မနေနိုင်တော့တာ ချွေးတွေလည်းပျံနေပြီ။ အပြင်မှာတော့ ခံမပြောရဲတာနဲ့။

'ဟုတ် Leader'

Leader က သူ့မျက်နှာကို တစ်ချက်ကြည့်ပြီး

'ချိုးမယ်ဆိုလည်း ထ လိုက်ပို့ပေးမယ်။ အကြာကြီးတော့ မစိမ်ရဘူး'

Xiao Zhan ကူကယ်ရာမဲ့နေတာကနေ Leader က လိုက်ပို့မယ်ဆိုလို့ ပျော်သွားရတယ်။ သူအိုက်လို့ သေတော့မယ်။

မီးအိမ်တစ်ခု ယူလာပြီး စမ်းအိုင်ဘေးက ကျောက်တုံးပေါ် တင်ထားတယ်။ Leader က တစ်ဘက်လှည့်ပေးတာနဲ့ အင်္ကျီ အမြန်ချွတ်ပြီး ရေထဲဆင်းရတယ်။

ဟူး…… ခုမှသက်သာတယ် ဖြစ်နိုင်ရင် ခေါင်းတောင် လျော်ချင်တယ်။

'ခေါင်းရေမစိုစေနဲ့!'

'ဟုတ်'

အကြားအမြင်ရနေတာလား။

'ခြောက်!'

ရေချိုးနေတုန်း နောက်ဘက်က အသံကြားတာနဲ့ ကြောက်ကြောက်နဲ့ လှည့်ကြည့်တော့။ ဖန်ဂေါ်လီအရွယ် မီးလုံးနှစ်လုံး Xiao Zhan ဆီကို ရွေ့လာတာ။

'အား!!!!!!!!!   အားးး'

'ဟေ့ ဘာဖြစ်တာလဲ ဟေ့ Xiao Zhan'

Till The EndWhere stories live. Discover now