13 (•-.•)

3.1K 455 4
                                    

Uni

ညနေရောက်တော့ Leader က coffee ခွက်ကို ပုံမှန်သိမ်းနေကျအချိန် မယောင်မလည် ရောက်လာပါတယ်။

'ကော်ဖီ အဆင်ပြေလား'

နေ့တိုင်းမေးတဲ့မေးခွန်းဖြစ်ပါတယ် သူပဲမပင်မပန်း မေးနိုင်လွန်းတယ်။ နေ့လည်က ရောက်လာတဲ့ အန်တီကြီးအကြောင်း သိချင်တာနဲ့ စကား စ လိုက်တယ်။

'Leader ဟို……'

'ဟင် ဘာလဲ ပြောလေ'

အခါတိုင်း Leader မေးရင်း ခေါင်းညိတ်ခေါင်းခါ ပဲလုပ်တတ်တဲ့ Xiao Zhan ဘက်က စကားစပြောလာတာ မို့ Leader က ပြာပြာသလဲမေးပါတယ်။

'နေ့လည်က အန်တီကြီးက ဘယ်သူ့ဆီလာတာလဲ'

'ဟင် အာ… ကိုယ့် မေမေလေ'

'အော်……… အဟင်း…'

'ဘာရီတာလဲ?'

Leader ပုံစံက အူကြောင်ကြောင် ဖြစ်နေတဲ့အခါ စိတ်ထဲတွေးမိတဲ့အကြောင်းက တိုက်ဆိုင်လာလို့ ထိန်းမရအောင်ရီချလိုက်တယ်။

'အဟွန်း…… Jie Jie ဆိုတာ Leader နာမည်လား'

အတည်ပေါက်နဲ့ နားထောင်နေတဲ့ Leader မျက်နှာက ပုပ်သိုးသွားတော့တယ်။ နားရွက်ဖျားတွေပါ ရဲတက်လာတော့ တော်တော်ရှက်သွားမှန်းသိသာတယ်။

'မေမေကွာ အမြဲပြောတယ် အဲ့လိုကြီးမခေါ်ပါနဲ့ဆိုတာကို'

'အဟင်း……'

ရုပ်တည်နဲ့ အမြဲခန့်ညားနေတတ်တဲ့ Leader က အိမ်နာမည် ကလေးဆန်လိုက်တာ။ Leader နဲ့ အိမ်နာမည်တွဲမြင်ယောင်တော့ ထိန်းမရအောင်ကို ရီချင်လာတယ်။ အားရအောင်ရီလိုက်တော့ မျက်ရည်တွေပါ ဝဲတက်လာရတယ်။ အူတွေလည်း နာနေပြီ။

အရီရပ်တော့ Leader က သူ့ကို tissue ကမ်းပေးလို့ ယူပြီးမျက်ရည်တွေသုတ်ရတယ်။ Leader ကပြန်ကြည့်တော့ ခုနလို ရှက်နေတာမျိုးမရှိတော့ပဲ သူ့ကိုပဲ စေ့စေ့စပ်စပ်ကြည့်နေပါတယ်။

'sorry ကျွန်တော် မထိန်းနိုင်လို့'

'ရီပါ ခုလိုမျိုးပဲ မင်းက စိတ်လွတ်ကိုယ်လွတ် ရီနေတဲ့အချိန်လည်း တစ်မျိုးချစ်စရာကောင်းတာပဲ။ ချစ်ဖို့ မကောင်းတဲ့အချိန်ရော ရှိသေးလား'

Till The EndDonde viven las historias. Descúbrelo ahora