20 o-0

3.2K 424 0
                                    

Zawgyi

'Leader ရော'

စားပွဲပေါ် ယူလာတဲ့ဆန်ပြုတ်ပန်းကန် ပူပူလေးကို ချရင်းစီစီကို မေးရတယ်။

Leader က သူဆီလာတဲ့ညက ရထားတဲ့ ခြေထောက်ဒဏ်ရာ ကျောတည့်တည့်က ဒဏ်ရာကြောင့်ရော တစ်ညလုံးအပေါ်ထပ်အင်္ကျီကို Xiao Zhan ကို လွှမ်းပေးတဲ့အတွက်ပါ အအေးပါတ်ပြီး ဖျားနေတာဖြစ်တယ်။

'တူးမြောင်းဘက် ရေသွားကြည့်တယ် ဆရာလေး'

Xiao Zhan ဆန်ပြုတ်ပန်းကန်ကို သေချာအုပ်ဆိုင်းပြီး တူးမောင်းဘက်ထွက်လာခဲ့တယ်။ ကမ်းစပ်က သစ်ပင်ကြီးအောက်က သစ်သားထိုင်ခုံရှည်ပေါ် ထိုင်ပြီး ရေပြင်ကို ကြည့်နေတဲ့သူကို တွေ့ရတယ်။ style pant မီးခိုရောင်, shirt လက်ရှည်ပေါ်မှာ sweater လက်ပြတ် တစ်ထည် ထပ်ဝတ်ကာ ရိုးရိုးလေး ဝတ်ဆင်ထားပေမယ့် ခန့်ညားမှုအရှိန်အဝါကလျော့ကျမသွားပါဘူး။ ခြေထောက်က ပါတ်တီးဖွေးဖွေးကို မြင်တိုင်း စိတ်မကောင်းဖြစ်ရတယ်။

အခုရက်မှာ လုပ်လက်စတွေကို အမြန်အပြီးသတ်ရင်း Leader အတွက်လိုအပ်တာတွေကိုပါ ပြုစုပေးဖြစ်တယ်။ အားလုံး သူ့ကြောင့်ဖြစ်ရတာ။ ကျောပြင်က ကျောက်ဆောင်နဲ့ထိထားတဲ့ ဒဏ်ရာ မြင်တိုင်း ခြေဆစ်လွှဲထားလို့ စည်းထုပ်ထားရတဲ့ ပါတ်တီးမြင်တိုင်း အပြစ်မကင်းတဲ့စိတ် သနားတာ အားနာတာတွေအပြင် ယုံကြည်အားကိုးလိုစိတ်တွေပါ ဖြစ်ပေါ်မိပါတယ်။

လိုအပ်တဲ့အချိန် အားငယ်တဲ့အချိန် ကြောက်တဲ့အချိန် အကူအညီလိုတဲ့အချိန်တိုင်း အဖေလို အကိုလို သူငယ်ချင်းလို သူ့ကိုကူညီစောင့်ရှောက်ပေးတဲ့သူပါ။

မြင်နေရတဲ့ ကျောပြင်ကျယ်ဟာ မဆန်းကြယ်ပေမယ့် ထူးဆန်းတဲ့စိတ်ခံစားချက် အလုံးစုံကို ဖြစ်ပေါ်စေတယ်။

Xiao Zhan သူ့ကိုသူ သိနေပါပြီ ဒီလူသားပေါ်ထားတဲ့ သူ့ရဲ့စိတ်ဟာ သာမာန်သဘောကျရုံပဲမဟုတ်ဘူးဆိုတာ။ Leader အနားကို ရောက်မှ ပိုင်ရှင်ဖြစ်ကြောင်း အချက်ပေးသလို သတ်သတ်မှတ်မှတ် ခုန်လှုပ်တတ်တဲ့ သူ့ရင်ခုန်သံကိုရောပေါ့။

'Leader ညနေစာ စားရအောင်လေ ညည့်နက်ခံလို့ မဖြစ်ဘူးလေ ဒီကို ဘာလာလုပ်နေတာလဲ'

Till The EndWhere stories live. Discover now