12 (^-.^)

3.1K 443 7
                                    

Zawgyi

Leader က သူ့ရဲ့ ကတိကို အတည်ဖြစ်ပေးခဲ့ပါတယ်။ Xiao Zhan အနားကို မလာတော့ပဲ ခပ်ခွာခွာပဲ နေပေးပါတယ်။

တစ်ခုပဲ

နေ့လည်ကို နှပ်ကော်ဖီ ပုံမှန်လာပို့ပေးတာပါ ခွက်ပေါ်ကအရုပ်လေးတွေ မြင်ရတော့ အရင်ကတည်းက စားပွဲပေါ်လာလာထားတဲ့ coffee ခွက်လေးတွေဟာ Leader ပို့ပေးမှန်းသိရတော့တယ်။

ကော်ဖီခွက်ပေါ်က အရုပ်ကလေးတွေက သူရဲ့ ပုံတွေ မှန်းသိသာပေမယ့် တစ်နေ့တစ်မျိုးမထပ်ရအောင် ဆွဲလာတာတွေ့ရတယ်။ မျက်လုံးမှိတ်နေတဲ့ပုံ ရယ်နေတဲ့ပုံ စိတ်တိုနေတဲ့ပုံ တစ်ခါတစ်လေ နှုတ်ခမ်းဆူနေတဲ့ပုံလေးတွေပါ ပါတယ်။ ဒီလိုပုံတွေ ဘယ်နှခုတောင် ရှိနေလဲမသိဘူး။

ပုံလေးတွေက ချစ်စရာကောင်းလို့ အဲ့ sticker လေးတွေကို ခွာပြီး ကတ္တီပါ ဘူးလေးနဲ့ သိမ်းထားဖြစ်တယ်။ ညနေရောက်ရင် မယောင်မလည်နဲ့ ရောက်လာပြီး ကော်ဖီခွက် လာသိမ်းတတ်ပါတယ်။ coffee က သောက်လို့ အဆင်ပြေလား ခါးလား ချိုလားနဲ့ စကားမရှိစကားရှာ ပြောပြီးမှ ပြန်ပါတယ်။

တစ်ခါတစ်လေ Leader ရောက်လာတဲ့အချိန် Xiao Zhan နားမှာ ကျန်းချန်ရှိနေရင် ဟိုကြည့်ဒီကြည့်နဲ့ ပြန်သွားတတ်သေးတယ်။ အဲ့လိုအချိန်တွေဆို အီလည်လည် Leader မျက်နှာက ရယ်ချင်စရာ ကောင်းပါတယ်။ ကျန်းချန်ကလည်း Leader က coffee တွေပို့နေတာသိပေမယ့် အမေးအမြန်းတော့ မလုပ်လို့ တော်ပါသေးတယ်။

ဒီလိုအခြေအနေလေးလောက်ကို ထိန်းထားချင်ပါတယ်။ Xiao Zhan ကိုယ်တိုင်က Leader ရဲ့အဝေးကိုသွားရ ရင်နာကျင်တတ်တာမို့ မနီးမဝေး အခုအတိုင်းလေးကပဲ အဆင်ပြေပါတယ်။

#################

'မာလာရှမ်းကော စားချင်တယ် ကျန်းချန်ရာ စပ်စပ်လေး ဖရဲသီးဖျော်ရည်လေးနဲ့ ကွက်တိ'

'ငါရောပဲလေ အရမ်းစားချင်တယ်'

Xiao Zhan အပြောကို ရှင်းချန်က ထောက်ခံပေး လာတာဖြစ်တယ်။

'ဒီမြို့မှာမှ မရှိတာ မင်းစားချင်ရင် ရုံးပိတ်ရက်ကျ ဟို ငါတို့ ဆိုင်ကယ်ငှားစီးတဲ့ မြို့သွားကြတာပေါ့'

'ဒီအလုပ်တွေက ပိတ်ရက်ပါ မနားရတာလေ ဟူးးး ငါ့ရဲ့ မာလာရှမ်းကောလေး မျှော်တိုင်းဝေးပဲ'

Till The EndWhere stories live. Discover now