19 ~•-.•~

3K 429 1
                                    

Zawgyi

ကမ်းစပ်ရောက်တဲ့အချိန်မှာ မိုးကတော်တော်ချုပ်နေပြီဖြစ်လို့ Xiao Zhan ကို ရှာဖို့လုပ်ရတယ်။ အိပ်ကပ်ထဲကံကောင်းထောက်မစွာ အကောင်းအတိုင်းကျန်တဲ့ မီးခြစ်ကို ပလတ်စတစ်အိတ်ထဲက ထုတ်ကာ မီးတုပ်အမြန်လုပ်ပြီး လူပျောက်ရှာပုံတော်ဖွင့်ရတယ်။

ခြေထောက်ကလည်း နာနေလို့ လိုသလောက်မသွားနိုင်ဖြစ်နေတယ်။ သွားနေရင်း မီးရောင်ပျပျမြင်ရတဲ့အခါ မီးလင်းတဲ့နေရာကို အမြန်သွားရတယ်။

သူရှာနေတဲ့ အကောင်ပေါက်လေးက အပင်ကြီးအောက်မှာ မိုးတွေတစ်ကိုယ်လုံးရွှဲစိုကာ ဖုန်မီးလေးဖွင့်ပြီးထိုင်ငိုနေတယ်။ ဖုန်းကိုတော့ သစ်ရွက်ဖားဖားကြီးနဲ့ မိုးရေစိုမှာစိုးလို့ အုပ်ထားတယ်။ လူကတော့ ကြောင်ပေါက်လေး ရေစိုထားသလို ဖြစ်နေပြီ။ အနားကို လူရောက်နေတာတောင် မသိတာဖြစ်တယ်။ သူသိတာပေါ့ ဒီကောင်လေး အားငယ်ပြီး ကြောက်နေမှာ အဲ့ဒါကြောင့် သူအသက်စွန့်လာခဲ့တာ။

'အားကျန့်'

'ဟင်! Leader'

အသံကြားကြားချင်း အငိုရပ်ကာ လှည့်ကြည့်လာပြီး ဖုန်းကို လွှတ်ချကာ သူ့ရင်ခွင်ထဲပြေးဝင်ပြီး ကျစ်ကျစ်ပါအောင်ဖက်ထားတယ်။

'Leader အဟင့်'

စကားတောင် မပြောနိုင်တော့ပဲ ရှိုက်ကြီးတငင်ငိုနေတာ ဘယ်လောက်တောင် ကြောက်နေရှာမလဲ။

'အင်း ကိုယ်ရောက်ပြီ ကိုယ်ရောက်ပြီ'

အားငယ်တာတွေပျောက်အောင် တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲရောက်နိုင်သမျှရောက်အောင် နစ်နေအောင် ဖက်ထားလိုက်တယ်။

'ကိုယ်ရောက်ပြီ'

မိုးက အရမ်းမသည်းပဲ ခနတာ ရွာလို့ပဲတော် ပါသေးတယ်။ သူကအကြောင်းမဟုတ်ပေမယ့် အမိုးမရှိအကာမရှိတဲ့ ဒီနေရာမှာ ဒီကောင်လေး မိုးထပ်မိမှာပဲစိုးတယ်။

အားရအောင်ငိုပြီးတော့ သူ့ကိုမော့ကြည့်လာတဲ့ အကောင်ငယ်လေးက နှာဖျားလေးတွေရဲပြီး မျက်လုံးတွေတောင်ရဲ တက်နေတယ်။

ပါးပေါ်က မျက်ရည်တွေကိုလက်မနဲ့ သုတ်ပေးတော့ ငြိမ်နေပါတယ်။

Till The EndWhere stories live. Discover now