Message

3.9K 278 20
                                    


Readers လေးတို့ မှတ်မိလားမသိပေမယ့် Tte မှာ ရွာလေး သုံးရွာ ပါပါတယ်နော်။ [ အစက လေးရွာထည့်မလို့ အီသွားမှာ စိုးလို့ တစ်ရွာ ဖြုတ်ခဲ့တာပါ]

Fiction တစ်ခုလုံးက စိတ်ကူးတွေချည်းပဲဆိုပေမယ့် ရွာတွေကတော့ တကယ့်အပြင်က Facts တွေကို မှီငြမ်းထားတာပါ။

ဧရာဝတီနဲ့ ရခိုင်အစပ်မှာ ** မြို့နယ်လေးရှိပါတယ်။ တကယ်ကို လမ်းသုံးလမ်း ပဲရှိတဲ့ မြို့ငယ်လေးပါ။ ငဝန်မြစ်ကမ်း မှာ မေးတင်တည်ရှိနေတာပါ။ အဲ့ဒီမြို့နယ်အောက်မှာ ခုလို ဝေလံတဲ့ ရွာလေးတွေတည်ရှိနေပါတယ်။

မီးလင်းရေးအတွက်လုပ်ခဲ့တဲ့ရွာလို စမ်းရေကိုပဲဦးစားပေး သောက်သုံးရတဲ့ရွာလို Alice in wonderland လိုရွာလေးတွေရှိနေပါတယ်။ (2017 ပေါ့နော် အချိန်က)

ဒါတောင် ကိုယ် က ခေါင်လွန်းတဲ့နေရာ မရောက်ခဲ့လို့ပါ။

ရေ ရှားတဲ့အချိန်ဆို ရေခပ်ဖို့ တကယ်ပဲ ကလေးတွေဟာ တစ်နေ့လုံး နီးပါးတန်းစီရတာပါ။

readers လေးတို့တော့ မသိဘူး ကိုယ် တော့ Alice in wonderland လို ရွာကိုရောက်တုန်းက အရမ်းအံ့သြရတယ်။ တောကြီးထဲကနေ ဘွားကနဲ ရွာပေါ်လာတာ။ Zhan Zhan ဖြစ်သွားသလိုပါပဲ။

Message လေး အနေနဲ့ သိစေချင်ရုံပါ။

##############

အစကနေ အဆုံးထိ စိတ်ရှည်ရှည်နဲ့ လိုက်ပါဖတ်ရှူပေးတဲ့ အယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

Vote ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုတော့ ကျေးဇူး အထူး အထူး တင်ပါတယ်။

Comment ပေးပြီး အားဖြစ်ပေးခဲ့လို့လည်း ကျေးဇူးတင်ရပါတယ်။ နောက်အပိုင်းတွေအတွက် တကယ့်ခွန်အားပါ။

ကိုယ်လုပ်တဲ့အရာကို အသိအမှတ်ပြုပေးတဲ့သူ ရှိပေးတာ ကျေးဇူးတင်တယ်ဆိုတာထက် ပိုလေးနက်တာရှိရင်ပြောချင်တာပါ။

ဒီနေ့ Group ထဲမှာ ကောင်းတယ်ဆိုပြီး ညွှန်းပေးတဲ့ သူတွေကို တကယ်ပဲ ကျေးဇူးတင်ပါနော်။ fic တွေက ဖတ်တဲ့သူ နည်းတယ်လေ ပိုပြီး လူသိအောင် ကူညီပေးလို့ ကျေးဇူးတင်ရပါတယ်။

မရေးရ ရင်မနေနိုင်တဲ့သူမို့ ရေးတဲ့အခါ ဖတ်ပေးကြပါဦး :):):)

Till The EndWhere stories live. Discover now