9 (•^_^•)

3.1K 473 1
                                    

Zawgyi

'မင်းလုပ်နေတာတွေမဟုတ်သေးဘူးနော် Xiao Zhan ငါမင်းအဖေနဲ့တိုင်မှာ'

'ငါဘာလုပ်လို့လဲ'

'ဘာလုပ်လို့လဲ ဟုတ်လား။ မင်းနဲ့ Leader အကြောင်း ပြောနေကြတာ မကြားချင်အဆုံးပဲ'

'……'

'မနေ့ညက ဘာဖြစ်လို့ မိုးချုပ်မှ ပြန်လာတာလဲ။ ကိုယ့်မျက်နှာကိုယ်မှန်ထဲ ပြန်ကြည့်ဦး။ နှုတ်ခမ်းတွေ ပေါက်ပြဲနေတာ။ တစ်ခြားဝန်ထမ်းတွေ မင်းအတင်းကိုပဲပြောနေတာ'

'……'

Xiao Zhan ခေါင်းငုံ့နေမိတယ်။ Leader နဲ့သူ မနေက ပြန်လာတော့ နားနေတဲ့အိမ်ရဲ့အပေါက်ဝမှာ ထွက်စောင့်နေတဲ့ ကျန်းချန်နဲ့တွေ့ရတာပဲ။ သူ့ကိုကြည့်ပြီး ညက ဘာမှမပြောပဲ ခုမနက်အစောကြီးနှိုးပြီး အပြင်ကိုခေါ်ထုတ်ကာ သူ့ကိုဆူနေတော့တာဖြစ်တယ်။

'အခုက ဘယ်အခြေအနေရောက်ပြီလဲ'

အခြေအနေ? သူနဲ့ Leader က ပါတ်သတ်မှုမှမရှိတာ။ မနေ့ကနမ်းဖြစ်တာကလည်း ဒီတိုင်း အင်း… ဒီတိုင်းနမ်းဖြစ်သွားတာ။

'စကားပြန်တောင်မရတော့ဘူး'

ကျန်းချန်က သူ့ကိုကြည့်ပြီး သက်ပြင်းချတယ်။

'ငါမင်းကို စိုးရိမ်တယ်။ မင်းက ကျောင်းကတည်းက ငြိမ်ငြိမ်လေး နေလာခဲ့တာလေ။ ကျောင်းနဲ့အိမ်  အိမ်နဲ့စာ ပဲသိလာတာ။ လူတွေအကြောင်းက ထင်သလောက်ရိုးရှင်းတာ မဟုတ်ဘူး။ မြင်နေရတဲ့အတိုင်းယုံကြည်လိုက်လို့ မဖြစ်ဘူး'

'Leader က လူကောင်းပါ'

'ငါကလည်း အပြစ်မပြောပါဘူး။ သူနဲ့ငါတို့က အသက်အရမ်းကွာတယ်လေ Leader လို အသက်အရွယ် အလုပ်အကိုင် အနေအထား ရုပ်ရည်ချောမောမှုက ခုထိ တစ်ယောက်တည်းရှိနေလိမ့်မယ်လို့ ငါတော့မထင်ဘူး။

ဒီလောက်ပြည့်စုံတဲ့သူက ဘာလို့ခုချိန်ထိ တစ်ယောက်တည်းဖြစ်နေတာလဲ။

မင်းသိလား ရွယ်ရွယ်ကျဲမှာ အိမ်ထောင်ရှိတာ'

'ဟင်!'

'ဟုတ်တယ် မထင်ဘူးမလား ငါပြောချင်တာအဲ့ဒါပဲ ခုမှ တစ်လနီးပါးလောက်သိတဲ့သူကို အလုံးစုံယုံကြည်ပစ်လိုက်ဖို့ မဖြစ်ဘူး

Till The EndWhere stories live. Discover now